TSK

TSK · ရှင်မာကုခရစ်ဝင်။ 9:37

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ငါအမှန် ဆို သည်ကား၊ သင်တို့သည်ပြောင်းလဲ ၍ သူငယ် ကဲ့သို့ မ ဖြစ် လျှင် ကောင်းကင် နိုင်ငံ တော်သို့ မ ရောက် ရကြ။

မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။

သင် တို့၏စကားကို နားထောင် သောသူ သည် ငါ့ စကားကို နားထောင် ၏။ သင် တို့ကို ပယ် သောသူ သည် ငါ့ ကိုပယ် ၏။ ငါ့ ကိုပယ် သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို ပယ် သည် ဟု မိန့်တော်မူ၏။

ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။