အကြင်သူသည်ငါ ဟောပြောသော ဤ စကား ကိုကြား ၍ နား မ ထောင်ဘဲနေ၏။ ထိုသူ သည် သဲ ပေါ်မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါပုံပြ မည်။
TSK
TSK · ရှင်မဿဲခရစ်ဝင်။ 13:6
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။
တိုက်မြစ် ကျခြင်း၊ တည်ကြည် ခြင်းနှင့်တကွမြဲမြံ စွာယုံကြည် ကြလျှင် ၊ သန့်ရှင်း စင်ကြယ်လျက် အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင် တို့ကို ရှေ့ တော်၌ ဆက်သ မည်အကြောင်းတည်း။။
နေ သည်ပူ သော အရှိန်နှင့် ထွက် သောအခါ ၊ မြက်ပင် သည် သွေ့ခြောက် ခြင်းသို့ရောက်၍ အပွင့် လည်း ကြွေ တတ်၏။ တင့်တယ် သော အသွေးအဆင်း လည်း ပျောက်ပျက် တတ်၏။ ထိုနည်းတူ ၊ ငွေရတတ် သောသူ သည် မိမိ အမှုအရာတို့၌ ညှိုးနွမ်း ပျောက်ပျက်ခြင်းသို့ရောက်တတ်၏။