TSK

TSK · ရှင်မဿဲခရစ်ဝင်။ 13:8

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထို ပြည် ၌ ဣဇာက် သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆ တရာ သော အသီးအနှံ ကို ရလေ၏။ ထာဝရဘုရား သည်လည်း ၊ ကောင်းကြီး ပေးတော်မူသဖြင့်၊

ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။

ငါ့ အထဲ မှာ ငါ့ ဇာတိ ပကတိ၌ ကောင်း သော အရာတစ်စုံတစ်ခုမျှ မ တည် သည်ကို ငါသိ ၏။ အကြောင်းမူကား ၊ ငါ သည်ကျင့်ချင်သော စိတ် ရှိ သော်လည်း ၊ ကောင်း စွာကျင့် တတ်သောအခွင့်ကိုရှာ၍ မ တွေ့နိုင်။

ယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေတတ်သော ဖြောင့်မတ် ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက် တိုင်အောင် စိတ်ကြည်ဖြူ လျက် ၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ် လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။။