ငါ သည် သင့်ကိုအပြစ်မ တင်၊ သင့် နှုတ် သည် သင့် ကိုအပြစ် တင်၏။ သင့် နှုတ်ခမ်း တို့သည် သင့် တစ်ဘက် ၌ သက်သေခံ ၏။
TSK
TSK · ရှင်မဿဲခရစ်ဝင်။ 21:31
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါအမှန် ဆို သည်ကား၊ ကောင်းကင် နှင့် မြေကြီး မ ပျက်စီး မှီတိုင်အောင်၊ ပညတ္တိ ကျမ်း၌ အငယ်ဆုံး သော စာလုံး ဗိန္ဓု တစ်လုံးမျှ ပြည့်စုံ ခြင်းသို့ မ ရောက်မှီ မ ပျက်စီး ရ။
သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။
ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏အလို တော်ကိုဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
ထိုနည်းတူ နောက်ကျ သောသူ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျသောသူ တို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည် ဟု မိန့်တော်မူ၏။
ထိုသို့စားပွဲ၌လျောင်း တော်မူသည်ကိုထို မြို့ ၌ ဆိုး သောမိန်းမ တစ်ယောက်သည် သိ လျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ ၊
ထိုနည်းတူ ငါဆို သည်ကား၊ ဘုရားသခင် ၏ ကောင်းကင်တမန် တို့သည် နောင်တရ သောလူဆိုး တစ် ယောက်၌ ဝမ်းမြောက် ခြင်းရှိ ကြသည် ဟု မိန့် တော်မူ၏။
သခင်က၊ ဆိုးညစ် သောငယ်သား ၊ သင် ၏ စကား ကိုသာလိုက်၍ သင် ၏အမှုကို ငါစီရင် မည်။ ငါ သည် ခဲယဉ်း သောသူ ဖြစ် လျက် ကိုယ်မ သိုမထားသော ဥစ္စာကို သိမ်းယူ ၍၊ ကိုယ်မ စိုက်ပျိုး သော လယ်၌ရိတ် သည်ကို သင် သိ သည်မှန်လျှင်၊
ပညတ် တရား၌ ပါ သမျှ သောစကား တို့သည် ပညတ် တရားကို ခံသောသူ တို့နှင့် စပ်ဆိုင် သည်ကို ငါတို့ သိ ကြ၏။ ထိုသို့ဖြစ်၍ ၊ လောကီသား အပေါင်း တို့သည် စကား တစ်ခွန်းကိုမျှ မ ပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့် သောသူဖြစ် ကြ၏။
ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။
လူအချို့ တို့သည်၊ နှေး ခြင်းကိုမှတ် သည်အတိုင်း ၊ ထာဝရ ဘုရားသည် ဂတိ တော်အရာ မှာ နှေး တော်မ မူ။ ငါတို့တွင်အဘယ်သူ မျှမ ပျက်စီး ဘဲ၊ ရှိသမျှ တို့သည် နောင်တရ စေခြင်းငှာအလို တော်ရှိ၍၊ ငါ တို့ကို သည်းခံ တော်မူ၏။