TSK

TSK · ရှင်မဿဲခရစ်ဝင်။ 21:33

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုကြောင့် သင် တို့အမျိုး များ၌ အသရေ ရှိသော လူကြီး ၊ ပညာ ရှိတို့ကို ငါရွေးချယ် ပြီးလျှင် ၊ သင် တို့တွင် မင်း လုပ် ရသောသူတည်း ဟူသောလူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် ၊ အကြပ် အဆော်အရာ ၌ ခန့်ထား၏။

ထို ကာလ အခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင် ချက်ကို ဘော်ပြ ရမည်။

¶ မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။

ဗာလဟာမုန် ပြည်၌ ရှောလမုန် မင်း၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။ ဥယျာဉ် စောင့် တို့၌ ငှါး သဖြင့် သူ တို့ သည် အသီး ကို စားရသည်အတွက် ငွေ တထောင် စီ ဆက် ရကြ၏။

¶ ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။

အိုယုဒ ရှင် ဘုရင်များနှင့် ယေရုရှလင် မြို့သား များတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့ ။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်း ကြား သောသူတိုင်း နား ခါး သည်တိုင်အောင်၊ ငါ သည် ဤ အရပ် ၌ ဘေး ရောက် စေမည်။

ငါ ၏ပဋိညာဉ် ကို လေဝိ အမျိုး၌ တည် စေခြင်းငှါ ၊ ဤ ပညတ် စကားကို သင် တို့ဆီသို့ ငါပေး လိုက်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

သင် တို့သည် အဘယ်သို့ ထင် ကြသနည်း။ တစ်စုံတစ်ယောက်သောသူ ၌ သား နှစ် ယောက်ရှိ ၏။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ် ဥယျာဉ်သို့ သွား ၍ လုပ်ဆောင် လော့ဟုဆို လျှင် ၊

¶ ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့သွား မည်ဟု အကြံရှိလျက်၊ မိမိ ငယ်သား တို့ကိုခေါ် ၍ မိမိ ဥစ္စာ များကို အပ်ပေး ၏။ သူတို့သည် အသီးအသီး အစွမ်း သတ္တိရှိသည်အတိုင်း ၊ တစ်ဦး ၌ ငွေ အခွက်ငါးဆယ် ၊

ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့ သွား မည်အကြံရှိသည်နှင့် မိမိ အိမ် ကို ငယ်သား တို့ လက်သို့အပ် ၍၊ သူ တို့ဆောင်ရွက် စရာအမှုကို အသီးအသီး ခွဲခန့် စီမံ၍ ၊ တံခါးမှူး ကိုစောင့် နေစေဟု မှာထား ပြီးမှသွား သည်ဖြစ်၍၊”

¶ ထိုအခါ ပရိသတ် တို့အား မိန့် တော်မူသောဥပမာ ကား၊ လူ တစ်ဦး သည် စပျစ် ဥယျာဉ်ကို စိုက်ပျိုး ပြီးမှလုပ်ဆောင် သောသူတို့အား ဥယျာဉ် ကိုငှား ၍ အခြားသောပြည်သို့ ကြာမြင့် စွာ သွား နေ၏။