ကိုယ်တော် ကို ဘမ်းဆီး သောသူ တို့သည် ကျမ်းပြု ဆရာ၊ လူ အကြီးအကဲများစည်းဝေး ရာ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ဆောင်သွား ကြ၏။
TSK
TSK · ရှင်မဿဲခရစ်ဝင်။ 21:39
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ အထံ တော်သို့ ရောက်လာ သော ယဇ်ပုရောဟိတ် အကြီး၊ ဗိမာန် တော်မှူး ၊ လူ အကြီးအကဲတို့ အား ယေရှု က၊ သင်တို့သည် ဓားပြ ကို ဖမ်း သကဲ့သို့ ငါ့ကို ဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။
အန္နတ် မင်းသည် ကိုယ်တော် ကိုချည်နှောင် လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ပို့ စေခဲ့ပြီ။
သန့်ရှင်း ဖြောင့်မတ် တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူ အသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တစ်ယောက်ကို ရ မည်အကြောင်း တောင်းပန် သဖြင့်၊
ကိုယ်တော်ကလည်း၊ လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။
ဖြောင့်မတ် သောသူ ကို အပြစ်စီရင် ၍ ကွပ်မျက် ကြပြီ။ သူသည်လည်း သင် တို့ကို မ ဆီးတား ။