TSK

TSK · ရှင်မဿဲခရစ်ဝင်။ 25:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုသို့ ဟေဇကိ သည် ယုဒ ပြည်တရှောက်လုံး တွင် စီရင် ၍ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သောအမှု၊ သမ္မာ တရား အမှုတို့ကို ပြု တော်မူ၏။

သင် တို့ကို လက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကို လက်ခံ ၏။

ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။

ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။

ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။

ငါ သည် စုံစမ်း နှောင့်ရှက်ခြင်းကို ခံစဉ် တွင်သင် တို့သည် ငါ ၌မှီဝဲ သောသူ ဖြစ် ရာ၏။

ငါသည်သွား ၍ သင် တို့နေစရာ အရပ်ကိုပြင်ဆင် ပြီးမှတစ်ဖန် လာ ပြန်၍ ၊ ငါ ရှိ ရာအရပ် ၌ သင် တို့ရှိ စေခြင်းငှာ သင် တို့ကို ငါ့ ထံသို့ သိမ်းဆည်း မည်။

အတွင်း အားဖြင့်ယုဒ လူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီး ခြင်းလည်း ကျမ်းဟောင်းတရား အားဖြင့်မ ဟုတ်ဘဲ၊ ဝိညာဉ် တော်တရားအားဖြင့် စိတ် နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်း သည် လူ အလိုနှင့် မ ဆိုင်၊ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သတည်း။

ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေ သည် ဖြစ်စေ ၊ ကွာဝေး ရာအရပ်၌နေသည်ဖြစ်စေ ၊ သခင်ဘုရား နှစ်သက် တော်မူသော သူ ဖြစ် ခြင်းငှာစေတနာစိတ်ရှိ၍ ကြိုးစားအားထုတ် ကြ၏။

ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။

ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏

သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မ ကြောက် နှင့်။ သင်တို့သည် စုံစမ်း ခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ် သည် သင် တို့တွင် အချို့ကို ထောင် ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ် ရက် ပတ်လုံးဆင်းရဲ ဒုက္ခကိုခံရ ကြလိမ့်မည်။ သေ သည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် ၊ အသက် သရဖူ ကို ငါပေး မည်။

ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။

အောင်မြင် သောသူ သည် ဤ အရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ ၏ ဘုရားသခင် ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။