TSK

TSK · ရှင်မဿဲခရစ်ဝင်။ 8:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယေရှု ကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူ အားမျှမပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကိုဆက် လော့ဟု မိန့် တော်မူ၏။

ထိုအခါ သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ ခြင်းရှိသည်အတိုင်း သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင် ၊

သင် တို့သည် ယုံကြည် ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန် ဆို သည်ကား၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ၊ ထို တောင် ကို နေရာမှ ရွေ့ လော့ဟုဆို ကြသော်၊ နေရာမှ ရွေ့ လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင် တို့မ တတ်နိုင်သောအမှုမ ရှိ။

¶ ယေရှု ကလည်း ၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည် သောသူ ဖြစ် လျှင် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် သည်” ဟု မိန့် တော်မူ၏။

အဘယ် အချိန် ၌ သက်သာ ခြင်းသို့ ရောက် သနည်းဟုမေး လျှင်၊ မနေ့ ခုနစ် နာရီ အချိန်၌ ဖျားနာ ပျောက် ပါသည်ဟု လျှောက် ကြ၏။