ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။
TSK
TSK · တောလည်ရာကျမ်း 17:13
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဤ လူဆိုး တို့၏နေရာ တဲ များကို ရှောင် ၍ နေကြ ပါလော့။ သူ တို့၏ဥစ္စာတစုံတခု ကိုမျှမ ထိ ကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူ တို့အပြစ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ် တို့အား ဆင့်ဆို လျှင် ၊
ထိုဣသရေလ လူ ကို တဲ အတွင်း သို့ လိုက် ပြီးမှ ၊ ယောက်ျား ကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမ ကို ဝမ်းပေါက်အောင်၎င်း ထိုး လေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသား တို့တွင် ဘေး ငြိမ်း လေ၏။
စစ်သူရဲ အပေါင်း တို့သည် လူစု ထဲက သေ ကြေကွယ်ပျောက် ပြီးမှ၊
နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည် လက်ကိုဆန့် ၍ သေတ္တာ တော်ကို ကိုင် ၏။
ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇောဇ အမည် ဖြင့် တွင် သတည်း။
ဘုရားသခင်သည် လူကို အလို တော်မရှိ၍ ၊ လူ၏အသက် ဝိညာဉ် ကို ရုပ်သိမ်း တော်မူလျှင်၊
အို ဘုရား ရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ် များကို မှတ် တော်မူလျှင် အဘယ်သူ သည် ခံရပ် နိုင်ပါမည်နည်း။
ထိုစကား ကိုကြား လျှင် ၊ အာနနိ သည်လဲ ၍ သေ ၏။ ထိုအကြောင်းအရာကို ကြား သောသူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်း သို့ရောက် ကြ၏။
သင်တို့သည် အထက် ကဝေး လျက်ရှိ သော်လည်း ၊ ယခု မှာ ယေရှု ခရစ် ၌ ဖြစ်၍အသွေး တော်အားဖြင့် အနီး သို့ ရောက် ကြပြီ။