TSK

TSK · တောလည်ရာကျမ်း 21:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထို အရပ်မှ တဖန်ပြောင်း ပြန်၍ ၊ အာမောရိ ပြည်နယ် နှင့် စပ်သော တော ၌ ရှိသောအာနုန် ချောင်းနား တဘက်တချက် ၌ စားခန်းချ ကြ၏။ အာနုန် ချောင်းကား၊ မောဘ ပြည်၊ အာမောရိ ပြည်စပ်ကြား အပိုင်းအခြား ဖြစ်သတည်း။

ဣသရေလ ပရိသတ် ရှေ့မှာ ထာဝရဘုရား လုပ်ကြံ တော်မူသော ဤပြည် သည် တိရစ္ဆာန် နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန် တို့၌ လည်း တိရစ္ဆာန် များပြားပါ၏။

ငါ တို့ဘုရား သခင်ထာဝရဘုရား သည်ထိုမင်း ကို ငါ တို့၌ အပ် တော်မူသဖြင့် သူ မှစ၍ သား များ၊ လူ များအပေါင်း တို့ကို ငါတို့သည် လုပ်ကြံ ကြ၏။

မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ကြသော နောက်၊ ထိုရှင်ဘုရင်နှင့်၊

ထာဝရဘုရား သည်လည်း ၊ အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ ၎င်း၊ ဖျက်ဆီး တော်မူသော သူ တို့ ပြည် ၌ ၎င်း ပြု သကဲ့သို့ ၊ ထို ပြည်သားအမျိုးမျိုးတို့၌ ပြု တော်မူလိမ့်မည်။

¶ ယော်ဒန် မြစ်အရှေ့ နေ ထွက်ရာဘက် ၌ ၊ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ အရှေ့ လွင်ပြင် ရှိသမျှ ပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ သိမ်းယူ သောပြည် ကို အစိုးရသောမင်းကြီး များ ဟူမူကား ၊

နောက် တဖန် ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ သော အာမောရိ လူတို့ပြည် သို့ သင် တို့ကို ငါပို့ဆောင် ၍ ၊ သူတို့သည် စစ်တိုက် သောအခါ သူ တို့ကို သင် တို့လက် ၌ ငါအပ် ၍ သူ တို့မြေ ကို သင်တို့သည် သိမ်းယူ ကြ၏။ သူ တို့ကို သင် တို့ရှေ့ မှ ငါသုတ်သင် ပယ်ရှင်းလေ၏။

အမ္မုန် ရှင်ဘုရင် က၊ ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ သောအခါ ၊ ငါ့ မြေ ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်း၊ ယော်ဒန် မြစ်တိုင်အောင် လု ၍ယူသောကြောင့် ငါပြု၏။ ထို မြေကို ယခု အသင့်အတင့် ပြန် ပေးပါဟု ယေဖသ ၏သံတမန် အား ပြန်ပြော ၏။

¶ ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊

နောက် မှတပါးအမျိုးသား တို့၏ တိုင်း နိုင်ငံများ ကို သူ တို့အား အကုန်အစင်ဝေဖန် ၍ ပေး သနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် ဗာရှန် ရှင်ဘုရင် ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။

ဗာရှန် ပြည်ကို အစိုးရ သော ဩဃ မင်းနှင့်တကွ ၊ ဘုန်းကြီး သော ရှင် ဘုရင်များကို ကွပ်မျက် ၍ ၊ များပြား သော လူမျိုး နှင့်တကွ ၊ ခါနာန် တိုင်း နိုင်ငံအပေါင်း တို့ကို လုပ်ကြံ သဖြင့်၊

အာရဇ် ပင်အရပ် နှင့်အမျှ မြင့် ၍ သပိတ် ပင်ကဲ့သို့ ခိုင်မာ သောအာမောရိ အမျိုးကို သင်တို့ရှေ့ မှာ ငါ ပယ်ရှား ၍၊ အထက် ၌ သူ ၏အသီး ကို၎င်း ၊ အောက် ၌ သူ ၏အမြစ် ကို၎င်းငါ ဖျက်ဆီး ပြီ။