TSK

TSK · တောလည်ရာကျမ်း 21:29

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင် ၏ဘုရား ခေမုရှ အပိုင်ပေး သော မြေကို သင်သိမ်းယူ ရသည်မဟုတ် လော။ ထိုအတူ ငါ တို့ ဘုရား သခင်ထာဝရဘုရား နှင်ထုတ် တော်မူသောသူတို့၏မြေကို ငါ တို့သည် သိမ်းယူ ရ၏။

¶ ဆယ်ခရိုင်ကို နှုတ်ရသောအကြောင်း ဟူမူကား၊ ငါ့ ကိုစွန့် ၍ ဇိဒုန် နတ်သမီး အာရှတရက် ၊ မောဘ ဘုရား ခေမုရှ ၊ အမ္မုန် ဘုရား မိလကုံ တို့ကို ကိုးကွယ် သဖြင့် ၊ အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ ၌ မှန် သောတရား ၊ ငါ စီရင် ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက် ခြင်းငှါ ငါ့ လမ်း တို့သို့ မ လိုက်။

ငါ့ နှလုံး သည်လည်း၊ မောဘ အဘို့ ငိုကြွေး ၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသောနွားမ ကဲ့သို့ဇောရ မြို့တိုင်အောင် လည် ကြ၏။ လုဟိတ် တောင်ပေါ်သို့ မျက်ရည် ကျလျက် တက် ကြ၏။ ဟောရနိမ့် မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံး ခြင်းအသံ ကို လွှင့် ကြ၏။

သင်သည်မိမိ ဆည်းဖူးသော ဘဏ္ဍာ ဥစ္စာကို ကိုးစား သောကြောင့် ၊ သူတပါးလက် သို့ရောက်ရလိမ့်မည်။ ခေမုရှ ဘုရားကိုလည်း သူ ၏ မင်း၊ သူ ၏ယဇ် ပုရောဟိတ်တို့ နှင့်တကွသိမ်းသွား ကြလိမ့်မည်။

ပြေး သောသူတို့သည်အားကုန် သောကြောင့်၊ ဟေရှဘုန် မြို့အရိပ် ကို ခို ကြသော်လည်း၊ ရှိဟုန် ဘုရင် နေရာဟေရှဘုန် မြို့မှ မီးလျှံ ထွက် သဖြင့် ၊ မာန ထောင်လွှား သောသူ တို့၏ အထွဋ် မှစ၍မောဘ ပြည်စွန်း တိုင်အောင်လောင် လိမ့်မည်။

ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စား ခြင်းအရာ မှာ၊ ရုပ်တု သည် ဤလောက ၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်း သော ဘုရားသခင် မှတစ်ပါး အဘယ် ဘုရားသခင်မျှမ ရှိသည်ကို၎င်း၊ ငါတို့သိ ကြ၏။