¶ ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။
TSK
TSK · တောလည်ရာကျမ်း 21:33
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သင်တို့သည် ဤ အရပ် သို့ ရောက် သောအခါ ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ ဗာရှန် ရှင်ဘုရင် ဩဃ တို့သည် ငါ တို့ကို စစ်တိုက် ခြင်းငှာ ထွက် လာသဖြင့် ၊ ငါတို့သည် သူ တို့ကို လုပ်ကြံ ၍၊
ယော်ဒန် မြစ်အရှေ့ ဘက်၌ နေသော အာမောရိ မင်းကြီး ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ အာရှတရုတ် မြို့မှာ နေသော ဗာရှန် ရှင်ဘုရင် ဩဃ တို့၌ ပြု တော်မူသမျှ ကို ၎င်း ကြား ပါပြီ။
အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ မင်းပြု သော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ တရှောက်လုံး ပါသတည်း။ ထိုမင်း တို့ကို မောရှေ သည် လုပ်ကြံ ၍ ပယ်ရှား လေ၏။
နွားလား ဥသဘတို့သည် အကျွန်ုပ် ကိုဝိုင်း ၍၊ အားကြီး သော ဗာရှန် ဥသဘတို့သည် ဝန်းရံ လျက် နေကြ ပါ၏။
ပြည် တော်သည် ငြိုငြင် ၍ အားလျော့ ၏။ လေဗနုန် တောသည် ရှက် ကြောက်၍ နွမ်းရိ ၏။ ရှာရုန် အရပ် သည် တော ကဲ့သို့ ဖြစ် ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏။
သင်တို့သည် အားကြီး သောသူတို့၏ အသား ၊ လောကီ မင်း တို့၏အသွေး ၊ ဗာရှန် ပြည်၌ ဆူ အောင်ကျွေး သော သိုးထီး ၊ ဆိတ်ထီး ၊ နွားလားဥဿဘ တို့၏ အသား အသွေးကို သောက် စား ရကြလိမ့်မည်။