TSK

TSK · တောလည်ရာကျမ်း 4:49

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လေဝိ သားတို့သည်၊ ဘိုးဘ အမျိုး အလိုက် စာရင်း မ ဝင်ရသည် အမှုမှာ၊

ထာဝရဘုရား သည်၊ မောရှ အား မှာ ထားတော်မူသည်အတိုင်း ၊ လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ နှင့် ရောနှော၍ မ ရေတွက် ရ။

ထိုသို့ တပ် ချီ ချိန်ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာ ရှိသမျှ တို့ကို ဖုံးအုပ် သောနောက် ၊ ကောဟတ် သား တို့သည် ထမ်း ခြင်းငှါ ချဉ်းကပ် ရကြမည်။ သို့ရာတွင် သူတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊သန့်ရှင်း သောအရာကို မ ကိုင် ရ၊ ဤရွေ့ကား ပရိသတ် စည်းဝေး ရာ တဲ တော်၌ ကောဟတ် သား များ ဆောင်ရွက် ရသောအမှုပေတည်း။

ဂေရရှုန် အဆွေအမျိုး တို့သည် စောင့်ရသောအမှု ၊ ထမ်း ရသောဝန်ဟူမူကား ၊

ဝင်း တိုင် ၊ ခြေစွပ် ၊ တံသင် ၊ ကြိုး များတို့ကို၎င်းထိုအရာများနှင့်ဆိုင်၍ အမှု တော်ထမ်းရန် တန်ဆာ ရှိသမျှ တို့ကို၎င်းထမ်းရွက်ကြရမည်။ သူ တို့ထမ်းရွက် ရသော တန်ဆာ တို့ကို အမည် မှတ်၍ ရေတွက် ရမည်။

ဤ သူတို့သည်၊ ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် နေရ သော ဂေရရှုန် အဆွေအမျိုး သား ပေတည်း။

ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။

¶ တကျွန်း တနိုင်ငံအရပ်တို့၊ ငါ့ စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။