ခွေး တို့သည် အကျွန်ုပ် ကိုဝိုင်း လျက်၊ စုဝေး သော လူဆိုး တို့သည် ဝန်းရံ လျက်နေ၍ ၊ အကျွန်ုပ် ၏ လက် ခြေ တို့ကို ထိုးဖောက် ကြပါပြီ။
TSK
TSK · ဖိလိပ္ပိဩဝါဒစာ။ 3:2
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဒုစရိုက် ကို ပြုသောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ သည် ဘုရား သခင်၏ ပညတ် တော်တို့ကို ကျင့် စောင် မည်။
သူ ၏ကင်းစောင့် တို့သည် မျက်စိကန်း ကြ၏။ ရှိသမျှ တို့သည် မိုက်ကြ၏။ အ ၍မ ဟောင် နိုင် သော ခွေး၊ ယောင်ယမ်း သောခွေး၊ အိပ် လျက်အိပ် ချင် အားကြီးသော ခွေး ဖြစ်ကြ၏။
အတွင်း ၌ကြမ်းတမ်း သော တောခွေး ဖြစ် လျက် သိုး ရေ ကိုခြုံ၍ သင် တို့ရှိရာ သို့လာ သော မိစ္ဆာ ပရောဖက် တို့ကို သတိ နှင့် ရှောင်ကြလော့။
ထို ကာလ၌ အများ သောသူတို့သည် ဖောက်ပြန် ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ် ကြလိမ့်မည်။
အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။
¶ ထိုကြောင့် ခရစ်တော် သည် ငါ တို့ကို လွှတ် တော်မူသောလွှတ် ခြင်းအခွင့်၌တည်နေ သဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုး ကိုထမ်း၍ ချည်နှောင် ခြင်းကို တဖန် မ ခံကြနှင့်။
ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။
ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။
ထိုယုံကြည် ခြင်းမှစသည်တို့ကို အချို့ သောသူ တို့သည် ပယ် ပြီးလျှင်၊ ယုံကြည် ခြင်းသင်္ဘော ပျက်၍ ဆုံးရှုံးကြပြီ။
အကြောင်းမူကား ၊ နောင် ကာလ ၌လူ တို့သည် စင်ကြယ် သော ဩဝါဒ ကိုနား မ ခံနိုင်ဘဲ၊ ယား တတ်သော နား ရှိလျှင်၊ မိမိ တပ်မက် ခြင်းအတိုင်း များပြား သော ဆရာ တို့နောက်သို့ လိုက်ကြလိမ့်မည်။
သူတို့သည် ဘုရားသခင် ကို သိ ယောင်ဆောင် သော်လည်း ။ အကျင့် အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ နားမထောင် သောသူ၊ ကောင်း သောအမှု တစ်ခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ် ကြ၏။
ခွေး သည်မိမိ အန်ဖတ် ကိုပြန် ၍စား၏။ ဝက် သည်လည်း ဆေး ပြီးမှရွံ့ တွင်းလူး ပြန်၏ဟု မှန် သော စကားပုံ သည် ထိုသူ တို့၌ပြည့်စုံ သတည်း။
ထိုသူ တို့မူကား ၊ မိမိတို့နား မ လည်သောအရာ များကို ကဲ့ရဲ့ တတ်ကြ၏။ တိရစ္ဆာန် ကဲ့သို့ ပကတိ အတိုင်းမိမိတို့နားလည် သော အရာ များဖြင့် မိမိတို့ကိုပုပ်ပျက် စေတတ်ကြ၏။
ငါ ၏နာမ ကိုလည်း မ စွန့် မပယ်။ ယုဒ လူ ဖြစ် ယောင်ဆောင်၍ အမှန် မ ဟုတ်ဘဲ ၊ မုသာ စကားကိုပြော သောသူတည်းဟူသော၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေး မည်။ သူ တို့သည်လာ ၍ သင် ၏ခြေ ရင်း၌ ပြပ်ဝပ် စေခြင်းငှာ ၎င်း ၊ ငါ သည်သင့် ကို ချစ် သည်ဟု သိ စေရခြင်းငှာ ၎င်း ငါပြု မည်။
ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။