TSK

TSK · သုတ္တံကျမ်း။ 11:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူ့အသရေ ပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ် အမျိုးသား ချင်းတို့တွင် မ လှည့်လည် ရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။

ငါ တို့အမှု ကိုလည်း သင်သည် ဘော်ပြ လျှင် ၊ သင် ယခုကျိန်ဆို စေသော အကျိန် နှင့် ငါ တို့သည် လွတ် စေ ဟုဆိုလျှင်၊

စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။

လည် ၍စကားများသောသူသည် လျှို့ဝှက် အပ် သောအရာကို ဘော်ပြ တတ်၏။ သို့ဖြစ်၍ ချော့မော့ တတ် သောသူနှင့် မ ပေါင်းဘော် နှင့်။

ထင်း မ ရှိလျှင် မီး သေ တတ်သကဲ့သို့ ကုန်းတိုက် သော သူမ ရှိလျှင် ရန် ငြိမ်း တတ်၏။

ထိုမှတစ်ပါး၊ တအိမ် မှတအိမ်သို့လည် ၍ ပျင်းရိ တတ်ကြ၏။ ပျင်းရိ သည်သာမက ၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။