TSK

TSK · သုတ္တံကျမ်း။ 12:24

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ငြိမ်ဝပ် ရာအရပ်ကောင်း ၍ မြေ သာယာ သည်ကို မြင် သဖြင့် ၊ မိမိ ပခုံး ပေါ် မှာ ထမ်းပိုးကို တင်ထမ်း ၍၊ အခွန်ပေးသော ကျွန် ဖြစ် လေ၏။

¶ ယေရောဗောင် သည် ခွန်အား ကြီးသော သူရဲ ဖြစ်၏။ ကြိုးစား အားထုတ်တတ်သော လုလင် ဖြစ်ကြောင်း ကို ရှောလမုန် သည်မြင် လျှင် ၊ ယောသပ် အမျိုး ဆောင်ရွက် ရသောအမှုရှိသမျှ ကို အုပ်စေခြင်းငှါခန့်ထား တော်မူ၏။

ပျင်းရိ သောသူသည် ဆင်းရဲ ခြင်း၊ လုံ့လ ဝိရိယ ရှိသောသူသည် ကြွယ်ဝ ခြင်းသို့ ရောက်တတ်၏။

ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ ၍ မ ရတတ်။ လုံ့လဝိရိယ ပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံ ရ၏။

ပျင်းရိ သော သဘောသည် လွန်ကျူး စွာ အိပ်ပျော် စေ၍ ၊ ပျင်းရိ သောသူသည် အငတ် ခံရ၏။

ပျင်းရိ သောသူက၊ အိမ် ပြင်မှာခြင်္သေ့ ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေ လိမ့်မည်ဟု ဆို တတ်၏။

ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊

တံခါးရွက် သည် စရွေး ၌ လည် သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာ ပေါ် မှာ လည်တတ်၏။