TSK

TSK · သုတ္တံကျမ်း။ 12:28

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကြည့် ပါတော့၊ အသက်ရှင် ခြင်း ချမ်းသာ နှင့် သေ ခြင်း ဆင်းရဲ တို့ကို သင့် ရှေ့ မှာ ယနေ့ ငါထား ၏။

ငါ့ ကိုရှာ ၍ တွေ့သောသူသည်အသက် ကိုတွေ့ ၏။ ထာဝရဘုရား ၏ ကျေးဇူး တော်ကိုလည်း ခံရ ၏။

မ တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး မ ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ် ၏။

ဖြောင့်မတ် ခြင်း တရား သည် အသက်ရှင် ခြင်းနှင့် ဆိုင်သကဲ့သို့ ၊ ဒုစရိုက် ကိုလိုက် ရှာသောသူ သည်လည်း ၊ မိမိ သေ ခြင်းတိုင်အောင် လိုက်ရှာတတ်၏။

ပြစ်မှား သောသူသည် အသေ ခံရမည်။ သား သည် အဘ ၏အပြစ် ကိုမ ခံရ ။ အဘ သည် သား ၏အပြစ် ကို မ ခံရ ။ တရား သောသူသည် တရား စွာပြုခြင်းအကျိုး ကို၎င်း၊ မတရား သောသူသည် မတရား စွာပြုခြင်း အပြစ်ကို၎င်းခံရ လိမ့်မည်။

ယခု မူကား ၊ သင်တို့သည် အပြစ် တရား၏ လက်မှ လွှတ် ၍၊ ဘုရားသခင် ၏ ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်း ခြင်းအကျိုး ကိုရ ကြ၏။ အဆုံး ၌ လည်း ထာဝရ အသက် ကို ရကြလိမ့်မည်။

ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။

အချင်းချစ်သူ ၊ မကောင်း သောနည်းကို မ လိုက် နှင့်၊ ကောင်း သောနည်းကိုသာ လိုက်လော့။ ကောင်းသောအကျင့်ကို ကျင့် သောသူ သည် ဘုရားသခင် နှင့်စပ်ဆိုင် ၏ ။ မကောင်းသောအကျင့်ကို ကျင့် သောသူ မူကား၊ ဘုရားသခင် ကို မ သိ မမြင်ရပြီ။