ဣသရေလ ကလည်း ၊ ယခု ငါသေ ပါစေသော။ သင် ၏မျက်နှာ ကို ငါ မြင် ရပြီ။ သင် သည် အသက် ရှင်သေး ၏ဟု ယောသပ် အား ဆို လေ၏။
TSK
TSK · သုတ္တံကျမ်း။ 13:12
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အထက်ကတခါမျှရှေ့ တော်၌ ညှိုးငယ် သော မျက်နှာကို မ ပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင် က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်း။ ဝမ်းနည်း ဟန်ရှိပါသည်တကားဟု မိန့် တော်မူလျှင်၊
ပျက်စီး ရာတွင်း နှင့် အလွန် ဆိုးသောရွှံ့ ထဲ ကငါ့ ကို ဆယ် နှုတ်ပြီးလျှင် ငါ့ ခြေ တို့ကို ကျောက် ပေါ် မှာတင် ၍ ငါ ခြေ ရာတို့ကို တည် စေတော်မူ၏။
အော်ဟစ် ၍ ပင်ပန်း ပါပြီ။ လည်ချောင်း ခြောက် ပါပြီ။ အကျွန်ုပ် ၏ ဘုရား သခင်ကို အကျွန်ုပ် မျှော် ကြည့် ၍ မျက်စိပျက် ပါပြီ။
အိုထာဝရဘုရား ၊ အလျင် အမြန်နားထောင် တော်မူပါ။ အကျွန်ုပ် သည် စိတ် ပျက် ပါပြီ။ မျက်နှာ လွှဲ တော်မူသဖြင့် ၊ တွင်း ထဲသို့ဆင်း သောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မ မူပါနှင့်။
ဖြောင့်မတ် သောသူ သီးသော အသီး သည် အသက် ပင် အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ် ကို ရ သောသူသည်လည်း ပညာရှိ ဖြစ်၏။
အိုယေရုရှလင် မြို့သမီး တို့၊ သင် တို့သည် ငါ ချစ် ရာ သခင်ကိုတွေ့ လျှင် ၊ သူ့ကိုငါ ချစ် ၍ နာ နေကြောင်း ကို ကြား ပြောကြပါဟု၊ ငါ မှာထားတောင်းပန်ပါ၏။
ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။