ဒါဝိဒ် သည် အရာရာ ၌ သတိ ပညာနှင့်ပြုမူ၍ သူ နှင့်အတူ ထာဝရဘုရား ရှိ တော်မူ၏။
TSK
TSK · သုတ္တံကျမ်း။ 13:15
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဆာလံကျမ်း 111:10
TSK
ထာဝရဘုရား ကို ကြောက်ရွံ သော သဘောသည် ပညာ ၏ အချုပ် အခြာဖြစ်၏။ ပညတ် တော်တို့ကို စောင့်ရှောက် သမျှ သောသူတို့ သည် ကောင်း သောဉာဏ် ရှိကြ၏။ ဂုဏ် အသရေတော်သည် အစဉ် အမြဲတည် သတည်း။
မ တရားသောသူတို့၏လမ်း မူကား၊ မှောင်မိုက် ကဲ့သို့ ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ် အရာကို တိုက် မိသည်ဟု မ သိ ရကြ။
လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။
ယေရှု သည်လည်း အစဉ်အတိုင်းကြီး၍ ပညာ တိုးပွား လျက်၊ ဘုရားသခင် ရှေ့၊ လူတို့ ရှေ့ မှာမျက်နှာ ရတော်မူ၏။
ရောမဩဝါဒစာ။ 6:21
TSK
ယခု သင်တို့ရှက်ကြောက် သော ထိုအကျင့် တို့ကို ကျင့်စဉ်အခါ၊ အဘယ် အကျိုး ကိုရ ကြသနည်း။ ထိုသို့သောအကျင့်သည် သေ ခြင်း၌ လမ်းဆုံး သတည်း။