ထိုသူသည် မိမိ အိမ် ကိုမှီ ၍ အိမ်သည်အမှီမ ခံ။ လက်နှင့်ကိုင် သော်လည်း မ တည် စေနိုင်။
TSK
TSK · သုတ္တံကျမ်း။ 14:11
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အဓမ္မ လူ၏အသင်း သည် ဆိတ်ညံ လိမ့်မည်။ တံစိုး စားသောသူတို့၏နေရာ သည် မီး လောင် လိမ့်မည်။
အကယ် စင်စစ်ဆိုး သောသူ ၏နေရာ သည် ထိုသို့ သော လက္ခဏာရှိ၏။ ဘုရား သခင်ကိုမ သိ သောသူသည် ထိုသို့ သော နေရာ သို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။
အာဏာ ထားတတ်သောသူ ၏အိမ် သည် အဘယ် မှာရှိသနည်း။ မ တရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ် မှာရှိသနည်းဟု သင်တို့သည် ဆို ကြလိမ့်မည်။
ခဏ ကြာ ပြီးမှ ၊ မတရား သောသူသည်မ ရှိရ။ သူ ၏နေရာ ကိုစေ့စေ့ရှာ ၍ မ တွေ့ရ။
သင် ၏မယား သည် သင့် အိမ် နား မှာ များစွာ အသီးသီးသော စပျစ် နွယ်ပင်ကဲ့သို့ ၎င်း၊ သားသမီး တို့သည် သင့် စားပွဲ ပတ်လည် ၌ စိုက်ပျိုး သော သံလွင် ပင် များကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။
မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား ၊ သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။
မာန ထောင်လွှားသောသူ ၏အိမ် ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်။ မုတ်ဆိုးမ နေရာ အရပ်ကို ကား ၊ တည် စေတော်မူမည်။
ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို စာစောင်ကို ငါထုတ်ဘော် မည်။ ခိုး တတ်သောသူ ၏အိမ် ထဲ သို့၎င်း ၊ ငါ့ နာမ ကို တိုင်တည် ၍ မ မှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ် ထဲသို့ ၎င်း ဝင် ၍ နေရာ ကျသဖြင့် ၊ သစ်သား များ၊ ကျောက် များနှင့်တကွ ထို အိမ် ကိုစား လိမ့်မည်ဟု မိန့်တော်မူ၏။