TSK

TSK · သုတ္တံကျမ်း။ 14:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက် ၊ အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် ၌ အစဉ် တည်ပါ၏။

နားလည် သောသူ၌ အလုံးစုံ ရှင်းလင်း ၍ ၊ ပညာ ကိုရ သောသူတို့ အား ဟုတ်မှန် ကြ၏။

မိုက် သောသူသည် ပညာ ကိုအလို မ ရှိသည် ဖြစ်၍ ၊ ပညာ အဘိုးကို အဘယ် ကြောင့်သူ၌အပ်ရ သနည်း။

မိုက် သောသူမူကား ၊ မိမိ စိတ် သဘောကို ပြ စရာ အခွင့်မှတပါး ၊ အခြားသောအကြောင်းကြောင့် ဉာဏ် ပညာ၌ မ ပျော်မွေ့ တတ်။

ငါသည် ပညာ ရှိ၏ဟု ထင် သောသူ ရှိလျှင်၊ ထိုသူ ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့် စရာအခွင့်ရှိ၏။

ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။

¶ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင် ကို သိ လျက်ပင်၊ ဘုရားသခင် ကိုချီးမွမ်း သင့်သည် အတိုင်း မ ချီးမွမ်းကျေးဇူးတော်ကိုလည်းမ သိမမှတ်၊ အချည်းနှီး တွေးဆ ခြင်း၊ သတိ မရှိသောစိတ် နှလုံးမိုက်မဲ ခြင်းသို့ ရောက်ကြ၏။

အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။

သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။