TSK

TSK · သုတ္တံကျမ်း။ 16:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အာဗြဟံ က၊ ဤ အရပ် သားတို့သည် ဘုရားသခင် ကို မ ကြောက် ၊ အကျွန်ုပ် ၏မယား အတွက် အကျွန်ုပ် ကို သတ် ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။

သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

ငါကလည်း ၊ သင် တို့ပြု သော အမှု မ ကောင်း ပါ တကား။ ငါ တို့ ရန်သူ ဖြစ်သော တပါးအမျိုးသား တို့သည် ငါတို့ကိုကဲ့ရဲ့ မည်ဟု စိုးရိမ်၍၊ ငါ တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ သောစိတ်နှင့် သင်တို့ကျင့် သင့်သည် မ ဟုတ် လော။

¶ ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။

ကရုဏာ နှင့် သစ္စာ ဆုံ မိပြီ။ တရား နှင့် ချမ်းသာ သည် တပါးကို တပါးနမ်း ကြပြီ။

ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။

ပညာရှိ သောသူသည် ကြောက် ၍ ဒုစရိုက် ကို ရှောင် တတ်၏။ မိုက် သောသူမူကား မာန ကြီး၍ ရဲရင့် တတ်၏။

ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။

သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။

သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင် သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ သို့ပြုလျှင် ခပ်သိမ်း သောအရာတို့သည် သင် တို့အားသန့်ရှင်း ကြလိမ့်မည်။

ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။

ခရစ်တော် ကို ခန့်ညား သောအားဖြင့် ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်ကိုယ်ကို နှိမ့်ချ လျက်နေကြလော့။