TSK

TSK · သုတ္တံကျမ်း။ 18:16

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယာကုပ် ကလည်း ၊ ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့ သည်မှန်လျှင် ၊ ကျွန်တော် ဆက် သော လက်ဆောင် ကို ခံယူ တော်မူပါ။ ဘုရားသခင် ၏ မျက်နှာ တော် ကို ဖူးမြင် ရသကဲ့သို့ ၊ ကိုယ်တော် ၏ မျက်နှာ ကို ဖူးမြင် ရပါ၏။ စိတ် တော်သည်လည်းနူးညွတ် ပါ၏။

ယခု မှာ ကိုယ်တော် ၏ ကျွန် မသည် သခင့် ထံသို့ ဆောင် ခဲ့သော လက်ဆောင် ကို ကျွန်မ သခင် နောက်တော်သို့ လိုက် သော လုလင် တို့ အား ပေး စေတော်မူပါ။

လက်ဆောင် သည် ခံ သောသူအထင် အတိုင်း ကျောက်မြတ် ကဲ့သို့ဖြစ်၍၊ မျက်နှာ ပြုလေရာရာ ၌ အောင် တတ်၏။

တိတ်ဆိတ် စွာ ပေးသောလက်ဆောင် သည် သူ့စိတ် ကို၎င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင် ပဏ္ဏာ သည် ပြင်းစွာ သော အမျက် ကို၎င်းဖြေ တတ်၏။