ဒေါသ သည် လူမိုက် ကို ဖျက်ဆီး တတ်၏။ ပညာ မရှိသောသူသည် လည်း ငြူစူ သောသဘောအားဖြင့်သေ ခြင်းသို့ ရောက်တတ်၏။
TSK
TSK · သုတ္တံကျမ်း။ 19:16
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။
ဆုံးမ ခြင်းစကားကို ပယ် သောသူသည်မိမိ အသက် ဝိညာဉ်ကို မထီမဲ့မြင် ပြုရာသို့ ရောက်၏။ နားထောင် သော သူမူကား ၊ ဉာဏ် ကိုရ တတ်၏။
ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး ၌ နေရာ ကျလိမ့်မည်။
သဘော ကောက်သောလူ သွားရာလမ်း ၌ ၊ ဆူး ပင်များနှင့် ကျော့ကွင်း များရှိတတ်၏။ မိမိ စိတ် ဝိညာဉ်ကို စောင့်ရှောက် သောသူမူကားဝေး စွာ ရှောင်သွားလိမ့်မည်။
အမိန့် တော်ကိုစောင့် သောသူသည် ရာဇဝတ် နှင့် လွတ် လိမ့်မည်။ ပညာရှိ သောသူ၏ စိတ်နှလုံး သည်လည်း ၊ ကာလ အချိန်ကို၎င်း၊ စီရင် ရသောအခွင့်ကို၎င်းသိမြင် တတ်၏။
ငါမှာ ထားသောအရာ ဟူမူကား ၊ ငါ့ စကား ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ငါသည်သင် တို့၏ ဘုရား သခင် ဖြစ် မည်။ သင် တို့သည်လည်း ၊ ငါ ၏ လူမျိုး ဖြစ် ကြ လိမ့်မည်။ သင် တို့သည် ကိုယ်အကျိုး ကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှ သော တရားလမ်း သို့ လိုက် ရကြမည်ဟု မှာ ထား၏။
လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။
¶ ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။
ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။
အရေဖျားလှီး ခြင်းအားဖြင့် အကျိုး မ ရှိ။ မခံဘဲ နေခြင်းအားဖြင့် လည်း အကျိုးမ ရှိ ။ ဘုရားသခင် ၏ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်းအားဖြင့်သာ အကျိုးရှိ၏။
ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက် တော်မူသောအကျင့် တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်း သမျှ တို့ကိုဘုရားသခင့် ထံ တော်မှရ ကြ၏။
အသက် ပင် နှင့်ဆိုင်၍၊ မြို့ တံခါး အတွင်း သို့ ဝင် အံ့သောငှာပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။