ထားတော်မူသောပညတ် တို့ကို ငါမ ပယ်။ နှုတ် တော်ထွက် စကား တို့ကို ငါ ရင်ခွင်၌ သိုထား ပါ၏။
TSK
TSK · သုတ္တံကျမ်း။ 2:10
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ ဥဒါန်း ကျူးခြင်းအသံသည် နှစ်သက် တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား ၌ ငါ ရွှင်လန်း လိမ့်မည်။
မိန့် တော်မူချက်တို့သည် အကျွန်ုပ် အာခေါင် ၌ အလွန် ချိုကြပါ၏။ ခံတွင်း ထဲမှာ ပျားရည် ထက် သာ၍ချိုကြပါ၏။
လက် ရဥစ္စာများ ကို တွေ့ သကဲ့သို့ ဗျာဒိတ် တော် စကားကြောင့် အကျွန်ုပ် ဝမ်းမြောက် ပါ၏။
ဉာဏ် ရှိသောသူ၏ နှလုံး ၌ ပညာ ကျိန်းဝပ် တတ် ၏။ မိုက် သောသူတို့၏အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှား တတ်၏။
ငါ့ သား ၊ ပျားရည် ကောင်း သောကြောင့် စား လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း စားလော့။
ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။