TSK

TSK · သုတ္တံကျမ်း။ 2:22

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ထို လူမျိုး တို့ကို သင့် ထံ က တရွေ့ရွေ့ နှင်ထုတ် တော်မူလိမ့်မည်။ တော သားရဲ တို့သည် သင့် တဘက် ၌ များပြား မည်ကို စိုးရိမ်၍၊ သူ တို့ကို ချက်ခြင်း မ ပယ် မရှားသင့်။

ထိုသူ ကို ထာဝရဘုရား နှမြော တော်မ မူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက် တော်အရှိန် မီးခိုး ထွက်၍ ဤ ကျမ်းစာ ၌ ရေးထား သော အမင်္ဂလာ ရှိသမျှ တို့ သည် ထိုသူ အပေါ် မှာ တည် နေကြလိမ့်မည်။ ထာဝရဘုရား သည် သူ ၏အမည် ကို မိုဃ်း ကောင်းကင်အောက် ၌ ချေ တော်မူလိမ့်မည်။

ထိုသို့ ရှောလု သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ လွန်ကျူး ၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း၊

ဖျက်ဆီး ရာနေ့ရက် ကာလဘို့ မ တရားသောသူတို့ သည် ယခုဘေးလွတ် လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက် ကာလဘို့ ယခုထွက်မြောက်လိမ့်မည်အကြောင်းတည်းဟူသောသူ တို့လက္ခဏာ သက်သေများကို မ သိ ကြသလော။

ကောင်းကြီး ပေးတော်မူခြင်းကို ခံရသောသူသည် ပြည် တော်ကို အမွေ ခံရလိမ့်မည်။ ကျိန် တော်မူခြင်း ကို ခံရသောသူမူကား ၊ ပယ်ရှင်း ခြင်းသို့ ရောက်ရ လိမ့်မည်။

စုံလင် ခြင်းတရားကိုစောင့်ရှောက် လော့။ ဖြောင့်မတ် ခြင်းတရားကို ကြည့်ရှု ဆင်ခြင်လော့။ ထိုသို့ပြုသောသူ သည် အဆုံး ၌ ငြိမ်သက် ခြင်းကို ခံစားရလိမ့်မည်။

ဘုရား သခင်ကိုမ ခိုလှုံ ၊ မိမိ ဥစ္စာ ကြွယ်ဝ ခြင်း၌ ကိုးစား ၍ ၊ မိမိ ဒုစရိုက် ၌ ခိုင်ခံ့ သောသူကို ကြည့် ပါဟူ၍သူ ၌ ရယ် ကြလိမ့်မည်။

ထာဝရဘုရား သည် ကြည်ညို သောသူအပေါင်း တို့ကို စောင့်မ တော်မူ၏။ မ တရားသောသူအပေါင်း တို့ကို ကား၊ ဖျက်ဆီး တော်မူမည်။

ဖြောင့်မတ် သောသူသည် အစဉ် မပြတ်နေရာမှ မ ရွေ့ ရ။ မ တရားသောသူမူကား ၊ မြေ ပေါ်မှာ အတည် မ ကျရ။