TSK

TSK · သုတ္တံကျမ်း။ 2:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။

¶ သင် တောင်း လျှောက်သည်အတိုင်း ငါပေး ၏။ ရှေး ကာလ၌သင် နှင့် တူသောသူတယောက်မျှမ ဖြစ် ၊ နောင် ကာလ၌မ ဖြစ် နိုင်အောင် ဉာဏ် ပညာနှင့်ပြည့်စုံသောစိတ် ဝိညာဉ်ကို သင့် အား ငါပေး ၏။

¶ ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။

သင် ဧဇရ သည်လည်း ၊ သင် ၏ဘုရား သခင်တရား ကို နားလည်သော၊ မြစ် အနောက် ဘက်သား အပေါင်း တို့တွင် ၊ တရား မှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရား သူကြီးများကို သင် ၏ဘုရား သင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့် ထားလော့။

တန်ခိုး တော်၊ ဉာဏ် တော်နှင့်ပြည့်စုံ၍၊ မှား သောသူနှင့် မှား စေသောသူတို့ကို ပိုင်တော်မူ၏။

ထာဝရဘုရား ၏ တရား တော်သည် စုံလင် သည် ဖြစ်၍စိတ် ဝိညာဉ်ကို ပြုပြင် တတ်၏။ ထာဝရဘုရား ၏ သက်သေခံ တော်မူချက်သည် ဟုတ်မှန် သည်ဖြစ်၍မ လိမ္မာသောသူတို့ ကို လိမ္မာ စေတတ်၏။

လူ အမျိုးမျိုးတို့ကို ဆုံးမ တော်မူသောသူသည် အပြစ် မ ပေးရသလော။ လူ တို့အား ပညာ အတတ်ကို သွန်သင် တော်မူသောသူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။

ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက် ၊ အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် ၌ အစဉ် တည်ပါ၏။

အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။

ရှေ့ တော်၌ ကောင်း သောသူ အား ဉာဏ် ပညာ၊ သိပ္ပံ အတတ်နှင့် ဝမ်းမြောက် ခြင်းအခွင့်ကိုပေး တော်မူ၏။ အပြစ် ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသောအခွင့်ကို၎င်း၊ ဘုရား သခင်၏ရှေ့ တော်၌ ကောင်း သောသူအား ပေး စရာဘို့ ၊ ဆည်ဖူး သိုထား ရသောအခွင့် ကို၎င်း ပေး တော်မူ၏။ ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်၏။

သင် ၏သားသမီး အပေါင်း တို့သည် ထာဝရဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍ ၊ များ စွာသော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံကြလိမ့်မည်။

ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။

အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။

ဆုတောင်းသောအချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ၏ ဘုရားသခင် ဖြစ်တော်မူသောဘုန်းကြီး သော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိ ခြင်း အလိုငှာ ပညာ ကို၎င်း ၊ ထိုးထွင်း သောဉာဏ် ကို၎င်း၊ သင် တို့အား ပေး ပါမည်အကြောင်း ၊

ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။