စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။
TSK
TSK · သုတ္တံကျမ်း။ 21:23
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မိမိ နှုတ် ကိုစောင့် သောသူသည် မိမိ အသက် ကို စောင့် ၏။ မိမိ နှုတ် ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီး ခြင်းသို့ရောက်တတ်၏။
သိပ္ပံ အတတ်နှင့်ပြည့်စုံ သောသူသည် စကား မ များတတ်။ ဉာဏ် ကောင်းသောသူ သည်လည်း ၊ ဧ သောစိတ် ရှိတတ်၏။
သင်တို့တွင် အကြင်သူ သည် သီလ ဆောက်တည်ဟန် ပြု သော်လည်း၊ မိမိ နှုတ် ကို မ ချုပ်တည်း ၊ မိမိ နှလုံး ကို လှည့်ဖြား ၏။ ထိုသူ ၏ သီလ သည် အချည်းနှီး သက်သက်ဖြစ်၏။