မ တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး မ ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ် ၏။
TSK
TSK · သုတ္တံကျမ်း။ 21:6
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဝယ် သောသူက၊ မ ကောင်းဘူး၊ မ ကောင်းဘူးဟု ဆို တတ်၏။ ဝယ်၍သွား ပြီး မှ ဝါကြွား တတ်၏။
ဒုစရိုက် မျိုးစေ့ကို ကြဲ သောသူသည် ဒုက္ခ စပါးကိုရိတ် ရမည်။ ဒေါသ စိတ်ရှိ၍ ဒဏ် ပေးနိုင်သော တန်ခိုးလည်း ပျောက် လိမ့်မည်။
ကောရ ငှက်သည် မိမိမ ဥ သော ဥကို ဝပ် သကဲ့သို့ ၊ မ တရား သဖြင့် ဥစ္စာ ဆည်းဖူး သော သူသည် အသက် ပျို စဉ် ကပင်၊ ဆင်းရဲ ခြင်းသို့ ရောက်၍ အဆုံး ၌ ကား၊ လူမိုက် ဖြစ် လိမ့်မည်။
ငွေရတတ် ခြင်းငှာအလိုရှိ သောသူ တို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိ ခြင်း၊ မိုက်မဲ ဖျက်ဆီး တတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက် တတ်ကြ၏။ ထိုသို့သောအားဖြင့်လူ တို့သည် အကျိုးနည်းခြင်း၊ ပျက်စီး ခြင်း၌ နစ်မွန်း တတ်ကြ၏။
သူ တို့သည် လောဘ လွန်ကျူးလျက် ချော့မော့ သော စကား နှင့် သင် တို့ကိုကုန်သွယ် ကြလိမ့်မည်။ သူတို့အပြစ် စီရင်ခြင်းသည် ရှေး ကာလ မှစ၍မ ဖင့် မနွဲ့၊ သူ တို့ဖျက်ဆီး ခြင်းသည်လည်း အိပ် ၍မ ပျော်။