TSK

TSK · သုတ္တံကျမ်း။ 24:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား က၊ သူ ၏မျက်နှာ ၊ သူ ၏အရပ် ကို မ ကြည့် မရှုနှင့်။ သူ့ ကို ငါပယ် ပြီ။ ထာဝရဘုရားသည် လူ မြင်သကဲ့သို့ မြင် တော်မူသည် မ ဟုတ်။ လူ သည် အဆင်း သဏ္ဌာန်ကို ကြည့်ရှု တတ်၏။ ထာဝရဘုရား မူကား နှလုံး ကို ကြည့်ရှု တတ်သည်ဟု ရှမွေလ အား မိန့် တော်မူ၏။

လူ ပြုသော အမှု ၏အကျိုးအပြစ်ကိုပေး တော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်ခံစေတော်မူမည်။

အကျွန်ုပ် နှလုံး ကို စစ်ဆေး တော်မူပါ။ ညဉ့် အခါ အကျွန်ုပ် ကို အကြည့်အရှု ကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြော သောအခါ အဘယ်အပြစ် ကိုမျှ တွေ့ တော်မ မူ ရာ။ အကျွန်ုပ်အကြံ အစည်သည် အကျွန်ုပ် စကား နှင့် မ ခြားမနားပါ။

အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကရုဏာ နှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော် သည် လူအသီး အသီးတို့ အား သူ တို့အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူ၏။

သင် ၏ ခြေ ကို ချော် စေခြင်းငှါ အခွင့်ပေး တော် မ မူ။ သင့် ကို စောင့် သောသူသည် အိပ် တော်မ မူ။

လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား မျက်မှောက် တော်၌ ရှိကြ၍ ၊ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။

လူ သည် မိမိ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် သဘောတို့ကို ချိန် တော်မူ၏။

ကျေးရွာ ၌ ဆင်းရဲသား တို့ကို ညှဉ်းဆဲ ခြင်း၊ တရား လမ်း မှလွှဲ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည် ကို အံ့ဩ ခြင်းမ ရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။

¶ ထူးဆန်း သော အကြံ ကိုကြံ၍ ၊ ထူးဆန်း သော အမှု ကို စီရင်တော်မူလျက်၊ လူ အသီး အသီးတို့ ကျင့်ကြံ ပြုမူ သည် အတိုင်း အကျိုးအပြစ်ကိုပေး ခြင်းငှါ ၊ လူ သား များ သွားလာသောလမ်း အလုံးစုံ တို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။

ကောင်းကင် ဘုံ၏ အရှင် ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန် တော်၏ ဖလား တို့ကို ရှေ့ တော်သို့ ယူ ခဲ့စေ၍ ၊ ကိုယ်တော်တိုင်မှစသောမှူး တော် မတ်တော်၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့်စပျစ်ရည် ကို သောက် ကြပြီတကား။ မျက်စိမ မြင် ၊ နားမ ကြား ၊ အဘယ် အရာကိုမျှ မ သိ သော ငွေ ဘုရား၊ ရွှေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ချီးမွမ်း ၍၊ ကိုယ်တော် ၏ အသက် သခင်တည်းဟူသောကိုယ်တော်၏ အမှု အလုံးစုံ တို့ကိုစီရင်ပိုင်တော်မူသောဘုရား သခင်ကို မ ချီးမွမ်း ဘဲ နေပါပြီတကား။

ငါတို့သည် ဘုရားသခင် အားဖြင့် အသက် ရှင်လျက် ၊ လှုပ်ရှား လျက် ၊ ဖြစ် လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင် တို့တွင် လင်္ကာ ဆရာအချို့ တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုး ပေ ၊ ဖြစ် ကြလေဟု စပ်ဆို သတည်း။

ငါ ဟောပြောသော ဧဝံဂေလိ တရားအတိုင်း ၊ ဘုရားသခင် သည် ယေရှု ခရစ် အားဖြင့် လူ တို့၏ မ ထင်ရှားသောအမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့။

အကြောင်းမူကား၊ ငါ တို့ရှိသမျှ သည် ကိုယ်ခန္ဓါ ၌ကျင့် သောအကျင့် ၊ ကောင်း မကောင်း ရှိသည်အတိုင်း အကျိုးအပြစ် ကို အသီးအသီး ခံ ခြင်းငှာ ၊ ခရစ်တော် ၏ တရားပလ္လင် ရှေ့ ၌ ပေါ်လာ ရ ကြမည်။

အသက် ရှင်သောသူ လည်း ဖြစ် ၏။ ငါ သည် အရင်သေ သည် ဖြစ်၍ ၊ ကမ္ဘာ အဆက်ဆက်အသက် နှင့် ပြည့်စုံ၏။ မရဏာ နှင့် မရဏာ နိုင်ငံ ကိုလည်း ငါအစိုးရ ၏။

သူ ၏သားသမီး တို့ကိုလည်း အသေ သတ် မည်။ ငါ သည် နှလုံး ကျောက်ကပ် ကို စစ်ဆေး တော်မူသောသူ ဖြစ် ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်း သော အသင်းတော် တို့သည် သိ ရကြလိမ့်မည်။ သင် တို့သည် အသီးအသီး ကျင့်သော အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ငါပေး မည်။

ငါသည်အလျင်အမြန် လာ မည်။ ငါ သည် အကျိုး အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ ၊ လူအသီးသီး တို့အား မိမိ တို့အကျင့် အတိုင်း ဆပ်ပေး မည်။