TSK

TSK · သုတ္တံကျမ်း။ 24:5

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အကြံ ပေးနိုင်သော အခွင့်နှင့် ပညာ ရတနာသည် ငါ ၌ ရှိ၏။ ငါ သည်ဉာဏ် ဖြစ်၍ အစွမ်း သတ္တိနှင့်ပြည့်စုံ၏။

ပညာ ရှိသောသူသည် ခိုင်ခံ့ သောမြို့ရိုး ကို တက် ၍ ၊ မြို့ သားကိုးစား စရာခွန်အား ကို ရှုတ်ချ တတ်၏။

မြို့သား နည်း သောမြို့ ငယ် တမြို့ရှိ၏။ ကြီး သော ရှင် ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ ပြင် မှာ ကြီးစွာ သော တပ် တို့ကို တည် ၍ ဝိုင်း ထား၏။

ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ အား ပြည့် ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေး သော်လည်း မ ပင်ပန်း ၊ ခရီးသွား သောအခါ မ မော ရကြ။