အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ၊ ဘေး လွတ်တတ်၏။
TSK
TSK · သုတ္တံကျမ်း။ 24:6
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင် လျှင်၊ အကြံ ထမြောက် တတ်၏။ ကောင်း သော တိုင်ပင်ခြင်း ရှိမှ သာ စစ်မှု ကို ပြု ရမည်။
ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သော သူမည်သည်ကား၊ အရာရာ ၌ တပ်မက် ခြင်းကို ချုပ်တည်း တတ်၏။ ထို သူတို့သည် ညှိုးနွမ်း ပျက်စီးတတ်သော ပန်း ဦးရစ်ကို ရခြင်း အလိုငှာ ပြုကြ၏။ ငါ တို့မူကား မ ညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။
သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။