TSK

TSK · သုတ္တံကျမ်း။ 27:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လူ များ တို့သည် မိမိ တို့ပြုသောကျေးဇူး ကို ကြား ပြောတတ်၏။ သစ္စာ ရှိ သောသူ ကိုကား ၊ အဘယ် သူရှာ၍ တွေ့ နိုင်သနည်း။

ကိုယ်ကိုကိုယ် ချီးမွမ်း သော သူ တို့နှင့် ရေတွက်ဝင်ခြင်း ကို၎င်း ၊ ပြိုင် နှိုင်းခြင်းကို၎င်း၊ ငါတို့မ ပြု ဝံ့။ ထိုသူ တို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက်ခိုင်းနှိုင်း ခြင်း၊ ပြိုင် နှိုင်းခြင်းတို့ကိုပြု၍ ပညာ မဲ့ ဖြစ်ကြ၏။

ငါသည် ဝါကြွားတတ်သော သူရူး ဖြစ် သလော။ ထိုသို့ဖြစ်လျှင်၊ သင် တို့သည် ငါ့ ကိုအနိုင် အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်းဟူမူကား၊ သင် တို့ချီးမွမ်း ခြင်းကို ငါ ခံသင့်၏။ ငါသည် ဘာ မျှမဟုတ် သော်လည်း ၊ အကြီးဆုံး သောတမန်တော် အောက် အလျှင်းမ ယုတ်မညံ့။