သံလွင် ပင်က၊ ဘုရား အသရေ ၊ လူ အသရေကို ပြုစုစရာ ငါ့ အဆီ အပြားကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။
TSK
TSK · သုတ္တံကျမ်း။ 27:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ယခု မှာသင် ၏ အသက် နှင့် ရှောလမုန် ၏ အသက် ကို ချမ်းသာ စေခြင်းငှါကျွန်ုပ်သည် အကြံ ပေးပါရစေ။
အကျွန်ုပ် ၏ ရန်သူ တို့ရှေ့ မှာ အကျွန်ုပ် အဘို့ စားပွဲ ကိုခင်း တော်မူ၏။ အကျွန်ုပ် ခေါင်း ကိုဆီ နှင့် လိမ်း တော်မူ၏။ အကျွန်ုပ် ခွက် ဖလားသည် လျှံ လျက်ရှိပါ၏။
စပျစ် ရည်သည်လည်း လူ တို့ကို ရွှင်လန်း စေ၏။ ဆီ အားဖြင့်လည်း သူတို့မျက်နှာ ကို ပြောင် စေတော်မူ၏။ မုန့် သည်လည်း ၊ သူ တို့နှလုံး ကို ထောက်မ ၏။
ငါ့ မွေ့ရာ ကို မုရန် ၊ အကျော် ၊ သစ်ကြံပိုး နှင့် ထုံ ပြီ။
လိမ္မာ သောစိတ် သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျော်စော ရာသို့ရောက်တတ်၏။ ချို သောစကားကို ပြောတတ်သော နှုတ် သတ္တိသည်လည်း ပညာ အတတ်ကိုတိုးပွါး စေတတ်၏။
သာယာ သောစကား တို့သည် ပျားလပို့ ကဲ့သို့ဖြစ်၍၊ စိတ် ဝိညာဉ်၌ ချိုမြိန် လျက် ၊ ကိုယ်အရိုး ကို ကျန်းမာ စေလျက်ရှိကြ၏။
မုရန် ၊ လောဗန် အစရှိသော ကုန်သည်ရောင်း တတ်သောနံ့သာမှုန့်မျိုးကို မီးရှို့၍၊ ထ သော မီးခိုး တိုင် သဏ္ဍာန် ရှိလျက်၊ တော ထဲ ကလာ သော ထို သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန် မင်း၏ယာဉ်ပျံ တော်ကိုကြည့် ကြလော့။ သူရဲ ခြောက်ကျိပ် ၊ ဣသရေလ အမျိုးသားသူရဲ အချွေအရံ ရှိကြ၏။
ထိုအခါ မာရိ သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် အကျပ် သုံးဆယ်ကိုယူ ၍၊ ယေရှု ၏ခြေ တော် ကို လိမ်း ပြီးလျှင်မိမိ ဆံပင် နှင့်သုတ် သဖြင့် ၊ ထိုဆီ ၏ အမွှေး သည် တစ်အိမ် လုံးကိုနှံ့ပြား ၏။
အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ကယ်တင် သောသူ တို့၌ ၎င်း ၊ ဆုံးရှုံး သောသူ တို့၌ ၎င်း၊ ဘုရားသခင် အား ခရစ်တော် ၏ အမွှေးအကြိုင် ဖြစ် ကြ၏။