TSK

TSK · သုတ္တံကျမ်း။ 28:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် ၌ အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် ၊ အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို မ ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။

¶ ယေဇဗေလ သည် ထာဝရဘုရား ၏ ပရောဖက် တို့ကိုသတ် သောအခါ ၊ အကျွန်ုပ်ပြု သော အမှုတည်းဟူသောထာဝရဘုရား ၏ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင် ၊ မုန့် နှင့် ရေ ကိုပေး၍ ကျွေး ကြောင်းကို အကျွန်ုပ် သခင် ကြား တော်မ မူသလော။

ထိုသို့ဒါဝိဒ် မင်းနှင့် ဣသရေလ အမျိုးအသက်ကြီး သူ၊ လူတထောင် အုပ် တို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဩဗဒေဒုံ အိမ် မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့ခြင်းငှါ သွား ကြ၏။

ပရိသတ် အပေါင်း တို့အား လည်း၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ပရိသတ် အပေါင်း တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေးလျက် ဦးချ ၍ ထာဝရဘုရား ကို၎င်း ၊ ရှင် ဘုရင်ကို၎င်းရှိခိုး ကြ၏။

ထာဝရဘုရား ၏ တရား တော်မြတ် ကို သွန်သင် သော လေဝိ သားအပေါင်း တို့ကို၊ ဟေဇကိ သည် အားပေးသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ် ရက် ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿဟာယ ပူဇော် သက္ကာကိုပြုလျက်၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား အား တောင်းပန် လျက်နေကြ၏။

ရှုရှန် မြို့ တော်သည် ဝမ်းမြောက် ရွှင်လန်း ခြင်းသို့ ရောက်လေ၏။ ယုဒ လူတို့သည်လည်း၊ သက်သာ ရွှင်လန်း ၍ ဝမ်းမြောက် ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက် ကြ၏။

တရား သောသူသည် ကောင်းစား သောအခါ တမြို့ လုံးဝမ်းမြောက် ခြင်း ရှိ၏။ မ တရားသောသူသည် ဆုံးရှုံး သောအခါ မူကား ၊ ကြွေးကြော် ခြင်းရှိ၏။

ဖြောင့်မတ် သောသူတို့သည် အခွင့် ရသောအခါ ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းမြောက် တတ်ကြ၏။ မ တရားသောသူတို့သည် အုပ်စိုး သောအခါ မူကား ၊ ပြည်သူ ပြည်သားတို့သည် ဝမ်းနည်း တတ်ကြ၏။

ငယ်သား အစိုးရ ၍ မှူးမတ် များအချိန်မဲ့နံနက် စောစောစားသောက် တတ်သောပြည် သည် အမင်္ဂလာ ရှိ၏။

မင်း များတို့က၊ သင် သွား လော့။ ယေရမိ နှင့် အတူ ပုန်းရှောင် ၍ နေလော့။ အဘယ်မှာ နေသည်ကို တစုံ တယောက်မျှ မ သိ စေနှင့်ဟုဗာရုတ် အား မှာ ခဲ့၍ ၊

သံလွင် တောင် ပေါ်က ဆင်း ရာအရပ်သို့ ရောက် တော်မူသောအခါ ၊ တပည့် တော်များ အပေါင်း တို့သည် မိမိတို့ မြင် ခဲ့ပြီးသောတန်ခိုး တော်များ ကိုထောက် ၍ ဝမ်းမြောက် သောစိတ်နှင့် ဘုရားသခင် ကို ထောမနာ ပြု၍၊