ထာဝရဘုရား ၏ကောင်းကင် တမန်ကလည်း ၊ သင် ၏မြည်း ကို သုံး ကြိမ် တိုင်အောင်အဘယ်ကြောင့် ရိုက် သနည်း။ သင်သွားသောလမ်း သည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတား ခြင်းငှါ ငါထွက်လာ ပြီ။
TSK
TSK · သုတ္တံကျမ်း။ 28:18
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ်တော် ကိုမြော်လင့် လျက် နေပါသည်ဖြစ်၍ ၊ အပြစ် ကင်းခြင်းနှင့် သဘော ဖြောင့်ခြင်းသည် အကျွန်ုပ် ကို စောင့်ရှောက် ပါစေသော။
အကယ် စင်စစ်ကိုယ်တော်သည် သူ တို့ကို ချော သောအရပ်၌ ထား တော်မူပြီ။ ဖျက်ဆီး ရာအရပ်သို့ ချ တော်မူ၏။
ကောက် သောလမ်းများသို့ လွှဲ သွားသောသူတို့ ကိုကား ၊ ထာဝရဘုရား သည် မ တရားသဖြင့်ပြု သောသူတို့ နှင့်အတူ ထုတ်သွား တော်မူမည်။ ဣသရေလ အမျိုး ၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။
မ တရားသောသူသည် လွန် သွားသော လေဘွေ ကဲ့သို့ ပျောက် တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မြဲမြံ သော တိုက်မြစ် ဖြစ်၏။
ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား ၊ မိမိ မ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။
ဖြောင့်မတ် သောသူကို လမ်းလွှဲ၍၊ မ ကောင်းသော လမ်း ထဲသို့ သွေးဆောင် သောသူသည် မိမိ တူး သော တွင်းထဲသို့ မိမိ ကျ လိမ့်မည်။ သဘော ဖြောင့်သောသူမူကား ၊ ကောင်း သောအရာတို့ကို အမွေခံ ရလိမ့်မည်။
ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။
ထိုကြောင့် ၊ သင်သည်ခံယူ ၍ နားထောင် ပြီးသည်အရာကို အောက်မေ့ ၍ စောင့်ရှောက် လော။ နောင်တရ လော့။ စောင့် ၍ မ နေလျှင် သူခိုး ကဲ့သို့ သင်ရှိရာသို့ ငါလာ မည်။ လာ မည့်အချိန် နာရီကိုလည်း သင်မ သိ ရ။