လူ ချင်းတယောက်ကို တယောက်ပြစ်မှား လျှင် ၊ တရားသူကြီးစစ်ကြောစီရင်ရ၏။ လူ သည် ထာဝရဘုရား ကို ပြစ်မှား လျှင် ၊ သူ့ အတွက် အဘယ်သူ တောင်းပန် လိမ့်မည်နည်းဟု ဆုံးမသော်လည်း ၊ သူတို့သည် အဘ ၏စကား ကို နား မ ထောင်ကြ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ကွပ်မျက် ခြင်းငှါ အလို ရှိတော်မူ၏။
TSK
TSK · သုတ္တံကျမ်း။ 29:1
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
¶ ပရောဖက်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါကျိန် သောသူကို သင်လွှတ် သောကြောင့် ၊ သင့် အသက် သည် သူ့ အသက် အတွက် ၊ သင့် လူ တို့သည် သူ့ လူ တို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
¶ ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် ၊ အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။
¶ လူ တယောက်သည် မရွယ်ဘဲလေး နှင့်ပစ်၍၊ ဣသရေလ ရှင် ဘုရင်ကို သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော် ၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ်ဆောင် လော့။ ငါနာ သည်ဟု မိမိ ရထား တော်ထိန်းကို ဆို ၏။
ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ဘဲ နေသောကြောင့်၊
ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
တရား တော်ကို ကျင့်ပြန် စေခြင်းငှါ ဆုံးမ တော်မူသော်လည်း ၊ သူတို့သည် နား မ ထောင်၊ မာန ထောင်လွှားကြ၏။ ကျင့် သောသူ ၌ အသက် ရှင်စရာ အကြောင်းဖြစ် သော စီရင် တော်မူချက်တို့ကို လွန်ကျူး ကြ၏။ ခိုင်မာ သော လည်ပင်း နှင့် ရုန်း လျက်နား မ ထောင်ဘဲ နေကြ၏။
ထိုကြောင့် သူ သည် အမှတ်တမဲ့ အမှု ရောက် ၍၊ ကိုးကွယ် ရာမ ရဘဲ ချက်ခြင်း ကျိုးပဲ့ ပျက်စီးရလိမ့်မည်။
ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်း လဲ လိမ့်မည်။
သင် တို့အပြစ် သည် ပြို ကျ လုသော အုတ်ရိုးပျက် ကဲ့သို့ ၎င်း၊ မြင့် သောအုတ်ထရံ ၌ မညီမညွတ်ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထို ထရံ သည် အလျင် တဆောချက်ခြင်း ပြိုပျက် တတ်၏။
ကိုယ်တော်သည် ယုဒ ပြည်ကို အကုန်အစင်ပယ် တော်မူသလော။ ဇိအုန် မြို့ကို စက်ဆုပ် ရွံရှာတော်မူသလော။ ချမ်းသာ မ ရအောင် အကျွန်ုပ် တို့ကို အဘယ်ကြောင့် ဒဏ်ခတ် တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက် ခြင်းကို မြော်လင့် သော်လည်း ၊ ကောင်းကျိုး ကို မ ရကြပါ။ ချမ်းသာ ကို မြော်လင့်သော်လည်း၊ ဘေး နှင့် သာ တွေ့ ရကြပါ၏။
ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ နန်းစံဆယ် သုံး နှစ် မှစ၍ ယခု တိုင် အောင်၊ အနှစ်နှစ်ဆယ် သုံး နှစ် ပတ်လုံး ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်အတိုင်း၊ ငါသည် စော စောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့် ဆိုသော်လည်း ၊ သင်တို့သည် နား မ ထောင်ဘဲ နေကြ၏။
ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ယုဒ ပြည်သူ ၊ ယေရှုရှလင် မြို့သား တို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့ စကား ကို နားထောင် အံ့သောငှါ ဆုံးမ ခြင်းကို မ ခံ ကြသလောဟု ထာဝရဘုရား မေး တော်မူ ၏။
သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။
¶ ယေရှု ကလည်း၊ တစ်ကျိပ် နှစ်ပါးသောသင် တို့ကို ငါ ရွေးကောက် သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူ တစ် ယောက်ပါ မည် ဟု မိန့် တော်မူ၏။
သင် တို့ရှိသမျှ ကို ငါရည်မှတ် ၍ပြော သည်မ ဟုတ်။ ငါ ရွေးကောက် သောသူ တို့ကို ငါသိ ၏။ ကျမ်းစာ ချက် ပြည့်စုံ စေမည်အကြောင်း ငါ နှင့်အတူစား သောသူ သည် ငါ့ ကိုခြေ နှင့်ကျောက် သတည်း။
ထိုသူ သည် မတရား သောအမှုအတွက်ဖြင့်ရ သောအခ နှင့် မြေ တစ်ကွက်ကိုဝယ် ပြီးမှ၊ မှောက် လျက်ကျလဲ၍ ဝမ်း ကွဲ သဖြင့် အ အူများပေါက် လေပြီ။
ငြိမ်ဝပ် ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင် သော မိန်းမ၌ သားဘွား ခြင်းဝေဒနာ ရောက် သကဲ့သို့ ၊ သူ တို့အပေါ်၌ လျင်မြန် စွာသော ပျက်စီး ခြင်းရောက် ၍ လွတ် ခြင်းအခွင့် မ ရှိရကြ။