TSK

TSK · သုတ္တံကျမ်း။ 29:23

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သင့် ကိုနှိမ့်ချ စုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူး ပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေး မ သိ ဘူးသော မန္န နှင့် တော ၌ ကျွေးမွေး တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ကို မေ့လျော့ ၍၊

သူတပါးတို့သည် နှိမ့်ချ ခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆို ရလိမ့်မည်။ စိတ် နှိမ့်ချသောသူကို ကယ်တင် တော်မူလိမ့်မည်။

မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။

မာန သည်ပျက်စီး ခြင်းအရင် ၊ ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။

ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။

ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။

မာန် မာနစိတ် နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်း တန်ခိုးကွယ်ပျောက် ၍ နန်း တော်မှ ကျ ၏။

စိတ် နှလုံးနှိမ့်ချ သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။

အကြင်သူသည် မိမိ ကိုချီးမြှောက် အံ့၊ ထိုသူသည် နှိမ့်ချ ခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိ ကိုနှိမ့်ချ အံ့၊ ထိုသူသည်ချီးမြှောက် ခြင်းသို့ ရောက်လတံ့။

ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။

ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။