ပညာ မ ရှိဘဲ အကြံအစည် တော်ကိုမိုက် စေသော သူကားအဘယ်သူ နည်း။ သို့ရာတွင် အကျွန်ုပ်သည် နား မ လည်သောအရာတို့ကို၎င်း ၊ ကိုယ်တိုင်မ သိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို၎င်းပြော မိပါပြီ။
TSK
TSK · သုတ္တံကျမ်း။ 30:2
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မိုက် သောသူ၊ ပညာမဲ့ သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန် ကဲ့သို့ဖြစ် ပါ၏။
ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။
လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက် သက်ဝင်သက်မ ရှိ။
အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။
သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။