TSK

TSK · သုတ္တံကျမ်း။ 31:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တရား သူကြီးတို့အားလည်း ၊ သင် တို့ညီအစ်ကို ၏ အမှုတို့ကို နားထောင် ၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊ တပါး အမျိုးသားနှင့် တွေ့သည်ဖြစ်စေ ၊ တရား သဖြင့် စီရင် ကြလော့။

ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ ၍ ၊ နိုင်ငံ တော်သားတို့တွင် တရား မှုကို စီရင် ဆုံးဖြတ်တော်မူ၏။

မျက်စိ ကန်းသောသူတို့ အား ငါသည် မျက်စိ ဖြစ် ၏။ ခြေဆွံ့ သောသူတို့ အား ခြေ ဖြစ်၏။

¶ အိုဘုရား သခင်၊ ကိုယ်တော် ၏ တရား ဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ် စွာ စီရင်ခြင်းအခွင့်ကို မင်း သား ဖြစ်သော ရှင်ဘုရင် အား ပေး သနားတော်မူပါ။

ရှင်ဘုရင် ပြု သောဒုစရိုက် သည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ အကြောင်း မူကား၊ ရာဇပလ္လင် သည် ဖြောင့်မတ် ခြင်းအားဖြင့် သာ တည် တတ်၏။

ကောင်း သောအကျင့်ကို ကျင့်အံ့သောငှါသင် ကြလော့။ တရား သဖြင့် ပြုခြင်းငှါ ရှာကြံ ကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘ မရှိသောသူတို့ အဘို့ တရား သဖြင့် စီရင်ကြလော့။ မုဆိုးမ တို့၏အမှုကို စောင့် ကြလော့။

ဆင်းရဲ သားတို့၏ အမှုကိုတရား တော် အတိုင်း စီရင် ၍ ၊ နှိမ့်ချ သော မြေကြီး သားတို့ဘက် ၌ နေလျက်၊ ဖြောင့်မတ် စွာ ဆုံးဖြတ် လိမ့်မည်။ မြေကြီး ကိုနှုတ်ကပတ် တော်လှံတံ နှင့် ဒဏ်ခတ် ၍ ၊ ဆိုး သောသူကို နှုတ်ခမ်း ထွက်သက် နှင့် ကွပ်မျက် လိမ့်မည်။

ဝ လျက်၊ မျက်နှာပြောင် လျက်ရှိကြ၏။ ဆိုး သောသူတို့ ထက်သာ၍ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိ သောသူငယ်၏အမှု ကို စောင့် ၍ အနိုင် မ ပေးကြ။ ဆင်းရဲ သော သူဘက်၌ တရား သဖြင့် မ စီရင် ကြ။

ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ၌ မ ကွပ်မျက် ကြနှင့်။

ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။

သင် တို့သည် ဆင်းရဲသား ကိုနှိပ်စက် ၍ ဂျုံစပါး ကို တောင်းခံ တတ်သောကြောင့် ၊ ဆစ် သောကျောက်နှင့် တိုက် ကိုတည် သော်လည်း ထို တိုက်၌ မ နေ ရကြ။ နှစ်သက် ဘွယ်သော စပျစ် ဥယျာဉ်ကိုစိုက် သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရကြ။

အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။

ကိုယ်တော်သည် ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍၊ မတရား သောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင် သည် ကိုယ်တော် ၏ အပေါင်းအဖော် တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက် ခြင်းဆီ နှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း