¶ ရှောလမုန် မင်းကြီး သည် ဖာရော ဘုရင်၏ သမီး မှတပါး ၊ ဣသရေလ အမျိုးသားမဟုတ်သော မောဘ အမျိုး၊ အမ္မုန် အမျိုး၊ ဧဒုံ အမျိုး၊ ဇိဒုန် အမျိုး၊ ဟိတ္တိ အမျိုးသားမိန်းမ အများတို့ကို ချစ် တတ်၏။
TSK
TSK · သုတ္တံကျမ်း။ 5:20
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဆိုး သောမိန်းမ နှင့် ၎င်း၊ အမျိုး ပျက်သော မိန်းမချော့မော့ တတ်သော နှုတ် နှင့်၎င်း လွတ်စေခြင်းငှါ၊ သင့် ကို စောင့် ဘို့ရာဖြစ်သတည်း။
အမျိုး ပျက်သော မိန်းမ၏နှုတ် သည် နက် သော မြေတွင်း ဖြစ်၏။ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသောသူသည် ထို မြေတွင်းထဲသို့ ကျ လိမ့်မည်။
သင့် မျက်စိ တို့သည် အမျိုး ပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့် နှလုံး သည်လည်း ကောက် သော စကားကို မြွက်ဆို လိမ့်မည်။
မယားကိုစွန့် ခြင်းအမှု၊ မိမိ ခင်ပွန်း ၌ ပြစ်မှားသောအပြစ် ကို ဖုံးအုပ် ခြင်းအမှုကို ငါမုန်း သည်ဟု၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ထိုကြောင့် ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ သစ္စာ ကို မ ပျက်ကြနှင့်။