TSK

TSK · သုတ္တံကျမ်း။ 6:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အပြစ် မရှိသောသူ ၏ အသက် ကို သတ် ခြင်းငှာ အခ ကို ယူ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။

အသေ မခံထိုက်သောသူတို့ ကိုသတ် ၍ သူတို့ အသွေး နှင့် ယေရုရှလင် မြို့ကို ပြည့် စေသော အပြစ် များ ကို ထာဝရဘုရား သည် လွှတ် တော်မ မူ။ ယုဒ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား လိုသောငှါ စီရင် တော်မူသည် အတိုင်း သာ ထိုအမှုရောက် သတည်း

အကျွန်ုပ် မူကား ၊ များစွာ သော ကျေးဇူး တော်ကို ခံစားရသဖြင့်၊ အိမ် တော်သို့ရောက် ၍၊ ကိုယ်တော် ကို ကြောက်ရွံ့ သောစိတ် နှင့် သန့်ရှင်း သော ဗိမာန် တော်တွင် ကိုးကွယ် ပါလိမ့်မည်။

နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော် သည် ကယ်တင် ၍ ၊ ထောင်လွှား သော မျက်နှာ ကိုမူကား ရှုတ်ချ တော်မူ၏။

ထိုကြောင့်မာန ကို လည်ဆွဲ တန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲ ခြင်းအဝတ် ကိုလည်း ဝတ် တတ်ကြ၏။

အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို သစ္စာ မရှိသော နှုတ် မှ ၎င်း၊ လှည့်စား တတ်သော လျှာ မှ ၎င်း ကယ်နှုတ် တော်မူပါ။

သူတို့က ငါ တို့နှင့်အတူ လိုက် တော့။ သူ့အသက် ကို သတ်အံ့သောငှါစောင့် ကြစို့။ အချည်းနှီး အပြစ် လွတ် သောသူတို့ ကို ချောင်းမြောင်း ကြစို့။

သစ္စာ ရှိသောသက်သေ သည်မုသာ မ သုံးတတ်။ သစ္စာ ပျက်သော သက်သေ မူကား ၊ မုသာ ကိုသုံး တတ်၏။

မြတ် သောစကား သည် မိုက် သောသူနှင့် မ တော် မသင့်။ ထိုမျှမက ၊ မုသာ စကား သည် မင်း နှင့်မတော် မသင့်။

မုသား ပြော တတ်သောသူသည် မိမိ ညှဉ်းဆဲ သောသူတို့ကို မုန်း တတ်၏။ ချော့မော့ တတ်သောသူသည် လည်း ဖျက်ဆီး တတ်၏။

သင် တို့သည်လက်ဝါး တို့ကို ဖြန့် ကြသောအခါ ၊ ငါသည်မျက်စိ ကိုလွှဲ မည်။ များ စွာသော ပဌနာ ကို ပြုကြသောအခါ ၊ ငါ သည်နား မ ထောင်။ သင် တို့လက် တို့ သည် အသွေး နှင့် ပြည့် ကြ၏။

သူ တို့မျက်နှာ အနေအထား သည် သူ တို့တဘက် ၌ သက်သေ ခံ၏။ မိမိ ဒုစရိုက် ကိုမ ဝှက် ၊ သောဒုံ မြို့သားကဲ့သို့ ထင်ရှားစွာ ပြု ကြ၏။ သူ တို့ဝိညာဉ် ၌ အမင်္ဂလာ ရှိ၏။ အကြောင်း မူကား၊ မကောင်းကျိုး ကို မိမိ တို့၌ ဆပ်ပေး ကြပြီ။

သင် တို့လက် သည် အသွေး နှင့် ၎င်း၊ လက်ချောင်း တို့သည် ဒုစရိုက် နှင့် ၎င်း ညစ်ညူး ကြ၏။ သင် တို့သည် နှုတ်ခမ်းနှင့် လျှာ အားဖြင့်မုသာ စကား၊ အဓမ္မ စကားကို ပြော တတ်ကြ၏။

သင်တို့သည် သင် တို့အဘ တည်းဟူသောမာရ်နတ် မှ ဆင်းသက်ကြ၏။ သင် တို့အဘ ၏ အလို သို့လည်း လိုက် တတ်ကြ၏။ မာရ်နတ် သည် ရှေးဦးစွာ မှ ၍ လူ အသက်ကိုသတ်သောသူဖြစ် ၏။ သူ၌ သစ္စာ တရား မ ရှိ သောကြောင့် သစ္စာ တရား၌ မ တည် မနေ။ သူသည် မုသား စကားကိုပြော သောအခါ မိမိ ပကတိအတိုင်းပြော ၏။ မုသား စကား၌ ကျင်လည်သောသူဖြစ်၏။ မုသား ၏အဘ လည်း ဖြစ် ၏။

ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။