TSK

TSK · သုတ္တံကျမ်း။ 8:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။

¶ ထိုဟိရံကား၊ နဿလိ အမျိုး မုတ်ဆိုးမ သား ဖြစ်၏။ သူ ၏အဘ ကား၊ တုရု အမျိုးသား ပန်းတဉ်း သမား ဖြစ်၏။ သားသည်လည်း ကြေးဝါ အလုပ် ခပ်သိမ်း ကို လုပ် တတ်သော ဉာဏ် ပညာ နှင့်ပြည့်စုံ သဖြင့် ၊ ရှောလမုန် မင်းကြီး ထံသို့ လာ ၍ အလုပ် ရှိသမျှ ကို ပြီးစီး စေ၏။

ထိုပုံ များရှိသမျှ တို့ကို ရေး ထားသည်အတိုင်း ၊ နားလည် နိုင်သော ဉာဏ်ပညာကို ထာဝရဘုရား သည် ပေးတော်မူ၏။

အို ထာဝရဘုရား ၊ ကိုယ်တော် စီရင် ပြုပြင်တော်မူ သောအရာတို့သည် အလွန်များပြား ပါ၏။ ရှိရှိသမျှ တို့ကို ပညာ တော်အားဖြင့် ဖန်ဆင်း တော်မူ၏။ မြေကြီး သည် ဘဏ္ဍာ တော်နှင့် ကြွယ်ဝ ပါ၏။

အကြောင်းမူကား၊ သူ ၏ဘုရား သခင်သည် စီရင် တတ်သော ဉာဏ် ကိုပေး တော်မူ၏။ သူ့ ကိုလည်း သွန်သင် တော်မူ၏။

ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။

မိမိ စေတနာ ၏အလို တော်သို့လိုက်၍ အလုံးစုံ တို့ကို စီရင်ပြုပြင် တော်မူတတ်သော သူ ၏ကြံစည် ခြင်းရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော် အားဖြင့် အမွေခံ ဖြစ်ကြ၏။

ထိုနက်နဲ သောအရာ၌ ပညာ ဘဏ္ဍာ ၊ ဉာဏ် ဘဏ္ဍာရှိသမျှ တို့သည် ဝှက်ထား လျက် ရှိ ကြ၏။