TSK

TSK · ဗျာဒိတ်ကျမ်း။ 2:5

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။

သင် သည် ဝန်ခံခြင်းပဋိညာဉ် ကို မ စောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့်သင် ၏ညီအစ်မ တို့ကို သင် ၏သမီး ဖြစ်ဘို့ ရာငါပေး ၍ ၊ သင် သည် ထိုသူတို့ကို လက်ခံ သောအခါ ၊ သင် ပြု မိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက် ရလိမ့်မည်။

ထိုအခါ သင်တို့သည် ကိုယ် ကျင့်ဘူးသောအကျင့် ဆိုး နှင့် မ ကောင်း သော အမှု တို့ကို အောက်မေ့ ၍၊ ကိုယ် ဒုစရိုက် အပြစ်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။

¶ အိုဣသရေလ ၊ သင် သည် ကိုယ်ပြုသောဒုစရိုက်အပြစ် အားဖြင့် အကျိုးနည်း ရှိသောကြောင့် သင် ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လော့။

ငါသည် လာ ၍ သင်တို့၏ပြည် ကို ကျိန် ခြင်းဘေး နှင့် ဒဏ် မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သား တို့နှင့် အဘ တို့ကို၎င်း၊ အဘ တို့နှင့် သား တို့ကို၎င်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။

သို့မဟုတ် မူကား ၊ အကြင်ကျွန် ဆိုး က ငါ့ အရှင် လာ ခဲလိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည်။

အဘ တို့နှင့် သား တို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာ၎င်း၊ ငြင်းဆန် သောသူတို့ကို သူတော်ကောင်း တို့၏ သတိပညာ လမ်းသို့ ပြောင်းလဲ စေသောအားဖြင့်၊ ထာဝရ ဘုရားအဘို့အလိုငှာ ပြင်ဆင် သောလူမျိုး ဖြစ် စေခြင်းငှာ၎င်း၊ သူ သည်ဧလိယ ၏ စိတ်ဝိညာဉ် တန်ခိုး နှင့် ပြည့်စုံလျက်၊ ဘုရားသခင် ရှေ့ တော်သို့ သွား လိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို ၏။

ဥယျာဉ်ရှင်သည် လာ၍ ထို သူ တို့ကို သုတ်သင် ပယ်ရှင်းပြီးမှထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည် ဟု မိန့် တော်မူ၏။ ပရိသတ်တို့သည် ကြား လျှင် ထိုသို့မ ဖြစ် ပါစေနှင့်ဟု လျှောက် ကြသော် ၊

ပညတ် တရားအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော် နှင့် ကွာ ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ ကြပြီ။

ထိုကြောင့် ၊ ယခု ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။

ငါ့ လက်ျာ လက်၌ ထင်ရှားသောကြယ် ခုနှစ် လုံးနှင့် ရွှေ မီးခွက် ခုနှစ် လုံး၏ နက်နဲ ခြင်းအရာဟူမူကား ၊ မီးခွက် ခုနှစ် လုံးသည်အသင်းတော် ခုနှစ် ပါးဖြစ် ၏။ ကြယ် ခုနှစ် လုံးသည်လည်း ထို ခုနှစ် ပါးသော အသင်းတော် တို့ကို အုပ်သောတမန် ဖြစ် ကြ၏။

ထိုကြောင့် နောင်တရ လော့။ မ ရလျှင် သင် ရှိရာသို့ငါသည် အလျင်အမြန် လာ မည်။ ထိုသူ တို့ကို ငါ့ ခံတွင်း ၏သန်လျက် နှင့် စစ်တိုက် မည်။

နောင်တရ သင့်သောကာလ ကို ငါပေး သော်လည်း ၊ သူသည် မိမိ မတရား သောမေထုန်ကို နောင်တရ ချင်သော စိတ်မ ရှိ။

ငါ ချစ် သမျှ သော သူတို့၏အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံးမ တတ်၏။ ထိုကြောင့် ကိုယ် စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရ လော့။

စတုတ္ထ ကောင်းကင်တမန်သည် မိမိ ဖလား ကို နေ ပေါ်သို့ သွန်းလောင်း လျှင်၊ နေ သည်လူ တို့ကို မီး လောင် ရသော အခွင့်ကိုရ ၏။