TSK

TSK · ရောမဩဝါဒစာ။ 4:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ငါ ပြုသော ပဋိညာဉ် သည် သင် ၌ ရှိ၏။ သင်သည် လူမျိုး အများ တို့၏ အဘ ဖြစ် လိမ့်မည်။

ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။

ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။

ထိုမျှမက ရှင် ဘုရင်အပေါင်း တို့သည် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် အမှုတော် ကို ထမ်းကြလိမ့်မည်။

ဂတိ တော်တို့ကို အာဗြဟံ နှင့် သူ ၏အမျိုးအနွယ် ၌ ထား တော်မူ၏။ အမျိုးအနွယ်တို့ဟု အများ သောသူ တို့ကိုရည်မှတ် ၍ မိန့် တော်မူသည်မ ဟုတ်။ သင် ၏ အမျိုးအနွယ်ဟု တစ် ယောက်သောသူကို ရည်မှတ် ၍ မိန့် တော်မူ၏။ ထိုတစ်ယောက်သောသူ ကား ခရစ်တော် ဖြစ် သတည်း။