TSK

TSK · ရှင်ပေတရုဩဝါဒစာပဌမစောင်။ 1:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ် ကြောင့်ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့်မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ကို ကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့ သတည်း။

ထာဝရဘုရား ကို ကိုးစား သော သူ ၊ ထာဝရဘုရား ကို မိမိ ကိုးစား ရာ အကြောင်းဖြစ် စေ သောသူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူဖြစ် ၏။

ဘုရားသခင် စေလွှတ် တော်မူသောသူ သည် ဘုရားသခင် ၏စကား တော်ကို ပြောဆို တတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ် တော်ကို အတိုင်း အရှည် မ ရှိဘဲ ပေး တော်မူ၏။

¶ ယေရှု ကလည်း၊ ငါ့ ကိုယုံကြည် သောသူ သည် ငါ့ ကိုသာယုံကြည် သည်မ ဟုတ်၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ကိုယုံကြည်၏။

¶ တဖန်တုံယေရှုက၊ သင် တို့ စိတ် နှလုံးပူပန် ခြင်းမ ရှိစေနှင့်။ ဘုရားသခင် ကို ယုံကြည် ကြလော့။ ငါ့ ကိုလည်း ယုံကြည် ကြလော့။

¶ ထိုသို့မိန့်တော်မူပြီးမှယေရှု သည်ကောင်းကင် သို့ ကြည့်မျှော် ၍၊ အိုအဘ ၊ အကျွန်ုပ်အချိန် ရောက် ပါပြီ။

ထို ယေရှု ကို ဘုရားသခင် ထမြောက် စေတော်မူသည်ကို ငါ တို့ရှိသမျှ သည် သက်သေခံ ဖြစ် ကြ၏။

အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။

ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။

အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။

ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။

တပါး အမျိုးသားတို့တွင် ဤ နက်နဲ သောအရာနှင့်ဆိုင်သောမဟာ စည်းစိမ်ကား၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်း သူတို့သည် သိ စေခြင်းငှာ၊ ဘုရားသခင် အလိုရှိ တော်မူ၏။ ထို စည်းစိမ်ကား၊ ဘုန်း အသရေကို မြော်လင့် ခြင်းအကြောင်းတည်းဟူသောသင် တို့အထဲ ၌ တည် တော်မူသော ခရစ်တော် ပေတည်း။။

ယေရှု သည် ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်လူအပေါင်း တို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှာ ၊ ကောင်းကင်တမန် တို့အောက် ၌ အနည်းငယ် နှိမ့် ပြီးမှ၊ အသေ ခံရသောကြောင့် ခေါင်းတော်၌ ဘုန်း အသရေ ပတ်ရစ် လျက်ရှိသည်ကို ငါတို့ မြင် ကြ၏

ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏

ထိုသခင် သည် ကောင်းကင် ဘုံသို့ ကြွ တော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစ ရှိသော အာဏာစက် တန်ခိုး များတို့ကို အုပ်စိုး လျက်၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ရှိ တော်မူ၏။