သူတို့ သည် ယုဒ ပြည်သို့ ချီ လာ၍ လုပ်ကြံ ကြ၏။ နန်းတော် ၌ တွေ့ သမျှ သောဥစ္စာ များနှင့် ရှင်ဘုရင် ၏ သား မယား များတို့ကို သိမ်းသွား ကြသဖြင့် ၊ အထွေး ဆုံး သောသား အာခဇိမှတပါး ၊ တယောက် မျှမကျန်ကြွင်း။