TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 24:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား မ ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ၊ ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။

ဖြောင့်မတ် သောသူ၏အသက် ကို သတ်ခြင်းငှါစုဝေး ကြပါ၏။ အပြစ် မရှိသောသူကို သေ စေခြင်းငှါ စီရင် ကြပါ၏။

သူတို့ကလည်း လာ ကြ။ ယေရမိ တဘက် ၌ ကြံစည် ကြကုန်အံ့။ ယဇ် ပုရောဟိတ်သည် တရား အမှု၌၎င်း ၊ ပညာရှိ သောသူသည် အကြံ ပေးခြင်းအမှု၌၎င်း ၊ ပရောဖက် သည် ဟော ပြောခြင်းအမှု၌ ၎င်း အရှုံး မခံရ။ လာ ကြ။ ယေရမိ ကိုလျှာ နှင့် ရိုက် ကြကုန်အံ့။ သူ ၏စကား ကို နား မထောင်ဘဲနေကြကုန်အံ့ဟု ဆို ကြ၏။

မြို့တံခါး ဝတွင် ဆုံးမ တတ်သောသူကို မုန်း ၍ ဖြောင့်မတ် စွာပြော တတ်သောသူကို ရွံ့ရှာ ကြပြီတကား။

ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။