TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 31:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အို ဣသရေလ အမျိုး၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ လမ်း တော်သို့ လိုက်သွား ခြင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်ခြင်း၊

သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။

ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် သူသည် ပြု လေရာရာ ၌ အောင် လေ၏။ အာရှုရိ ရှင်ဘုရင် ၏ကျွန် မ ခံ။ ပုန်ကန် လေ၏

သို့ဖြစ်၍သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ကိုယ် စိတ် နှလုံး ကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား ၏နာမ တော်အဘို့ ၊ တည် ရသောအိမ် တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့် ဘုရားသခင် ၏ သန့်ရှင်း သောတန်ဆာ တို့ကို သွင်း ခြင်းငှါ ထ ကြလော့။ ထာဝရ အရှင်ဘုရားသခင် ၏ သန့်ရှင်း ရာဌာန တော်ကို တည်ဆောက် ကြလော့ဟု မှာထားတော်မူ၏။

ငါတို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ၍ ၊ ထိုဘုရားသည် အရပ်ရပ် ၌ ငြိမ်သက် သောအခွင့်ကိုပေး တော်မူသောကြောင့် ၊ တပြည်လုံး ကို အစိုးရစဉ်အခါ၊ ဤ မည်သော မြို့ တို့ကို ပြုစု ၍ မြို့ရိုး ၊ ပြအိုး ၊ တံခါး ၊ ကန့်လန့်ကျင် တို့ကို လုပ် ကြကုန်အံ့ဟု ယုဒ လူတို့အား မိန့် တော်မူ၏။

ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံကို နားလည် သော ဇာခရိ လက်ထက် ၌ ၊ ဩဇိမင်းသည် ဘုရားသခင် ကို ဆည်းကပ် ၏။ ထာဝရဘုရား ကို ဆည်းကပ် သော ကာလ ပတ်လုံး၊ ဘုရားသခင် သည် အကြံ ထမြောက်ရသောအခွင့်ကိုပေးတော်မူ၏။

သက်သေခံ တော်မူချက်တို့ကို စောင့် ၍၊ ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။

အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။