လူပျို သည် မိမိ သွားသောလမ်း ကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ် တော် အတိုင်း သတိ ပြုရမည်။
TSK
TSK · တိမောသေဩဝါဒစာဒုတိယစောင် 2:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထွက် ကြ။ ထွက် ကြ။ ထို အရပ်မှ ထွက် သွားကြလော့။ မစင်ကြယ် သောအရာကို လက်နှင့်မျှ မ တို့ ကြနှင့်။ ထိုအရပ်ထဲက ထွက်သွား ကြလော့။ ထာဝရဘုရား ၏ အဆောက်အဦး တို့ကို ဆောင်ရွက် သောသူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
ငွေ ကို ချွတ် ၍ သန့်ရှင်း စေသောသူကဲ့သို့ထိုင် လျက် ရွှေ ငွေ ကို ချွတ်သကဲ့သို့ ၊ လေဝိ သား တို့ကို ချွတ် ၍ သန့်ရှင်း စေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ ဖြစ် ၍ ဖြောင့်မတ် ခြင်းပူဇော် သက္ကာကို ပူဇော် ကြ လိမ့်မည်။
သင်တို့သည် တဆေးမဲ့ ဖြစ် သည်နှင့်အညီ ၊ အသစ် သော မုန့်စိမ်း ဖြစ် မည်အကြောင်း ၊ ဟောင်း သော တဆေး ကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား ၊ ခရစ်တော် တည်းဟူသောငါ တို့ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ် ပူဇော်ရာဖြစ်၏။
အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်း သောအကျင့်တို့ကို ကျင့် ရမည်အကြောင်း ၊ ယေရှု ခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့် တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင် သည် ငါတို့ကို ပြင်ဆင် တော်မူနှင့်ပြီ။
ဘုရားသခင် ၏ လူ သည်စုံလင် သောသူ၊ ကောင်း သော အမှု အမျိုးမျိုး တို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ် မည်အကြောင်း ၊ ဩဝါဒ ပေးခြင်း၊ အပြစ် ကိုဖေါ်ပြခြင်း၊ ၊ ဖြောင့်မတ် စွာ ပြုပြင် ခြင်း၊ တရားကိုသွန်သင် ခြင်း ကျေးဇူး များကို ပြုတတ်၏။
ဤစကား သည် သစ္စာ စကားဖြစ် ၏။ ဘုရားသခင် ကို ယုံကြည် သောသူ တို့သည် ကောင်း သောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာသတိပြု ရကြမည်အကြောင်း ၊ သင် သည် ဤ အရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာငါအလိုရှိ ၏။ ထို အကျင့်တို့သည် ကောင်း သည်သာမက၊ လူ တို့၏အကျိုး ကို ပြုစုတတ်သော အကျင့်ဖြစ် ကြ၏။
သင်တို့သည် ယခု ခဏ ခံရ၍ ဝမ်းနည်း သော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်း သောစိတ်ရှိကြ၏။
ထိုသို့ မြော်လင့် သောသူမည်သည်ကား ၊ ကိုယ်တော် သန့်ရှင်း တော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။